Posts

Seven Step Network Troubleshooting Theory

 1/ Identify the problem 2/ Establish a theory of problem cause 3/ Test the theory  4/ Establish a plan of action  5/ Implement and test the solution  6/ Verify system functionality  7/ Document Finding  ဒီအချက် ၇ ချက်သည် CompTIA N+ ရဲ့ Troubleshooting Theory တွေပါ။ ပထမဦးဆုံးအနေနဲ့ ကိစ္စတစ်ခုဖြစ်လာပါက ဒီကိစ္စကို ခွဲခြမ်းစိတ်ဖြာဖို့လိုပါတယ်။ ဘယ်လိုရှင်းမလဲဆိုတာကို မိမိသိတဲ့ Theory တွေနဲ့ချိန်ထိုးကြည့်ပါ။ Theory တွေနဲ့ စမ်းကြည့်ပြီး ဘယ် Theory သည် မှန်ကန်လဲဆိုတာရွေးချယ်ပါ။ လူအများစုသည် အဆင့် ၃ တွင်ရပ်တန့်သွားကြပါတယ်။သိရင်ရပြီဆိုတဲ့အနေအထားပါ။ဆက်လုပ်ရမှာက  action ပါ။ အဆင့် ၅ နဲ့ ၆ ဆက်လုပ်သူက ၃၀ % ပါ။ ကိစ္စရပ်ကို ဖြေရှင်းပြီးရင် ဖြေရှင်းလိုရတဲ့အချက်တွေကို သေချာအောင် ပြန်လည်စစ်ဆေးဖို့နဲ့ မှတ်သားထားဖို့ အထူးလိုအပ်ပါတယ်။ ဒီအချက်ကိုလုပ်ဆောင်တာကတော့ ၁၀%ပါ။ Network Troubleshooting ဆိုပေမယ့် တခြားကိစ္စရပ်တွေဖြေရှင်းဖို့အတွက်လည်းသုံးနိုင်ပါတယ်။ #zntmvp

CompTIA N+ (N10-008)

📌 Computing Technology Industry Association (CompTIA) 📌 CompTIA သည် Vendor Neutral  ➡️Vendor Neutral သဘောအရ ဘယ် Brand ကိုမှ စောင်းပေးထားခြင်းမရှိပဲ နည်းပညာရပ်ကိုသာ အဓိကအားပြုထားပါတယ်။ 📌နည်းပညာကိုလေ့လာမည့် သူတစ်ဦးအတွက် အခြေခံကျသော Entry-level Certification သည် CompTIA အဖွဲ့မှ Exam တွေဖြစ်ပါတယ်။ 📌CompTIA တွင် A+,N+ ဆိုပြီး လေ့လာကြပါတယ်။အခြေခံကတော့ A+ ဖြစ်ပြီးဆက်လက်ပြီး N+ (Network)ကိုလေ့လာနိုင်ပါတယ်။ 📌CompTIA N+ (N10-008)တွင် Eighth Edition ဖြစ်တာကြောင့် ✍️ 802.11ax ✍️WiFi 6 ✍️ 5G ✍️ Cat7 , Cat 8 စသည့် သင်ခန်းစာအသစ်များပါဝင်ပါတယ်။ 📌Exam အနေနဲ့ 5 Domain ပါဝင်ပါတယ်။ ✍️ Networking Fundamentals 24% ✍️Network Implementation 19% ✍️Network Operations 16% ✍️Network Security 19% ✍️Network Troubleshooting 22% စသည့်အပိုင်းပါဝင်ပါတယ်။ ⏰CompTIA A + နဲ့ CompTIA N+ သင်တန်းများတက်ရောက်နိုင်ပါတယ်။ #zntmvp

Azure Administer Data Protection

🤔 Azure သည် Cloud Storage ဖြစ်နေတော့ Data backup လုပ်ဖို့လိုပါသလား ???? ✅ Cloud Services များမှာ data corruption,accidental deletion နဲ့ cyber attacks တို့ကြောင့် ပျောက်ဆုံးနိုင်ပါတယ်။System failure, natural disaster နဲ့ human errors တို့ကြောင့်လည်း backup လုပ်ဖို့လိုအပ်ပါတယ်။ ➡️ backup ဆိုတဲ့အချက်သည် Windows အသုံးပြုတဲ့ Users တိုင်းအတွက်သိထားရမည့်အချက်ဖြစ်ပြီး restore point ဖန်တီးခြင်းနဲ့ System restore, Windows Backup အကြောင်းသိဖို့လိုပါတယ်။ ➡️ Azure File Shares Backup 📍Recovery Services Vault Azure backup အတွက်မဖြစ်မနေသိထားရမည့်အရာပါ။Backup Data Storage,Security Features,Central Monitoring,Cross Region,Restore နဲ့ Backup Policies တို့ကိုလုပ်ဆောင်နိုင်ပါတယ်။ 📌 Multiple Access Tiers ♦️Hot Tier  Frequently Access အတွက်အသုံးပြုပြီး  ကြိမ်ဖန်များစွာ Access လုပ်သည့် data အတွက်အသုံးပြုပါတယ်။Storage cost များပြီး Access Cost နည်းပါတယ်။ ♦️Cool Tier Infrequently Access အတွက်အသုံးပြုပြီး ကြိမ်ဖန်များစွာ Access မလုပ်သည့် data အတွက်အသုံးပြုပါတယ်။ Storage Cost နည်းပြီး Access Cost မျာ...

Network နဲ့ Internet တူပါသလား????

➡️ Computer လေ့လာနေသူများ/Internet အသုံးပြုသူအနေဖြင့် ဒီနာမည်တွေနဲ့ မစိမ်းတော့  သိသလိုလိုနဲ့ သေသေချာချာ မသိတာက လူအများစုပါ။ 🤔 ပြန်ဖြေတဲ့အဖြေတွေကတော့ 📍Internet က လူအများကြီးသုံးပြီး Network ဆိုတာ လူအုပ်စုတစ်ခုပဲသုံးကြတယ်။ 📍Internet က တမ္ဘာလုံးချိတ်ဆက်ထားပြီး Network ဆိုတာ အနည်းစုပဲ ချိတ်ထားတယ်။ 📍ရုံးအတွင်း/အဖွဲ့အတွင်းဆို Network/ တမ္ဘာလုံးဆို Internet စသည့်အဖြေတွေ ဖြေဆိုတတ်ကြပါတယ်။ ✅ Network ✍️ Network ဆိုတာ ကွန်ယက်ပါ။ချိတ်ဆက်ခြင်းပါ။  ✍️ Network မှာ  Devices အနည်းငယ်ချိတ်ဆက်တဲ့ local Area Network (LAN)ရှိသလို တမ္ဘာလုံးကိုချိတ်ဆက်တဲ့ Wide Area Network (WAN)အထိရှိပါတယ်။ ✍️ Network Requirement 📍 NIC Card (Network Card)လိုပါတယ်။NIC Card ရှိမှသာ Nerwork ချိတ်ဆက်နိုင်မှာပါ 📍Medium ကြားခံပစ္စည်း (Wire or Wireless လိုပါတယ်။) 📍Protocol တူရမယ်။ အရင်ကတော့ Language လို့ခေါ်ဆိုရပြီး နောက်ပိုင်းတော့ Rule လို့သတ်မှတ်တဲ့ Protocol တူရမယ်။စည်းမျဉ်းတူရမယ်။TCP/IP သည်အခြေခံအုတ်မြစ်ပါ။ 📍Services  Network ချိတ်ဆက်တယ်ဆိုတာ မျှဝေတာပါ။မျှဝေဖို့အတွက် သက်ဆိုင်ရာ Services တွေကို On ဖို့လ...

BIOS

♦️ BIOS ဆိုတာ Firmware တစ်ခုပါ။ ♦️ Firmware ဆိုတာ Program တစ်ခုပါ။ Hardware တွေအလုပ်လုပ်ဖို့ အမိန့်ပေးတဲ့ program ပါ။Hardware နဲ့ software  သီးသန့်ခွဲလို့မရတာ Firmware ပါ။ ♦️ Basic input/output system ♦️ BIOS အလုပ်လုပ်ပုံကတော့ 👉 POST(power on self Test) Power ဖွင့်လိုက်တာနဲ့ RAM/CPU/Hard Drive တွေကို စစ်ဆေးပါတယ်။မကောင်းရင်  📍beep codes (အသံလက္ခဏာ)ဖြစ်ပေါ်စေပါတယ်။အသံတို/အသံရှည်စသည်ဖြင့်  အချက်ပေးပါ။ 👉 Boot process 👉 Configuration Settings ♦️ BIOS (၂)မျိုးရှိပါတယ်။ 📍 Legacy BIOS (BIOS လို့လည်း အများကခေါ်ကြပါတယ်။ 👉 16 bits architecture 👉 အရင်က အမျိုးအစားဖြစ်ပြီး text-based interface ကိုအသုံးပြုပါတယ်။ 👉 2.1 TB ထက်ပိုတဲ့ Hard Drive ကို Support မလုပ်ပါဘူး။ 👉 Hyper-V အတွက် Generation 1 ကိုပဲ Support လုပ်ပါတယ်။ 📍 UEFI  👉 32 bits နဲ့ 64 bits mode ကို Support 👉 နောက်ပိုင်းလာတဲ့ Motherboard တွေသည် UEFI support လုပ်ပါတယ်။ 👉 Graphical User interface ရပါတယ်။ 👉 2.2 TB ထက် Hard Drive ကို Support 👉 Boot Time မြန်/Security ပိုကောင်း/Storage Support #zntmvp

AZ-104 Virtual Machine

💢 Configure VM 💢 Configure VM Availability ♦️Configure VM အပိုင်းတွင် ➡️ Responsibilies 👉 Cloud Provider (Microsoft)နဲ့ Cloud User တို့နှစ်ဖက်မှ တာဝန်ယူရသည့်အပိုင်းကို သေချာစွာနားလည်ဖို့လိုပါတယ်။ ➡️ Access 📍 RDP/ SSH Windows အတွက် RDP Linux အတွက် SSH 📍Bastion 👉 Secure Access အတွက် အသုံးပြုပြီး Public IP မလိုပဲ Private IP နဲ့ အသုံးပြုရပါတယ်။(No Public Exposure for VMs) 👉 Bastion ကိုအသုံးပြုဖို့အတွက် Public IP လိုပြီး VNets ထဲက VMs တွေကို Access လုပ်ဖို့ Public IP မလိုတာဖြစ်ပါတယ်။ ➡️ VM (Storage) 👉 HDD  Cost effective အတွက်အသုံးပြုပြီး Data access speed နှေးပါတယ်။Large data archives နဲ့ data backup storage. 👉 SSD faster data access speed performance ဖြစ်ပြီး Sensitive Application (Database,web servers) 👉 NVMe SSD SSD ထက်ပိုမြန်ပြီး high performance application (big data analytics,high-frequency trading) ♦️ Configure VM Availability အပိုင်းတွင် 📍အဓိအနေနဲ့ VMs Downtime နည်းဖို့/Latency နည်းဖို့ နဲ့ High Availability အတွက် လုပ်ဆောင်ဖို့ပါ။ ➡️ Availability Sets Hardware Failur...

Schedule Meeting (5)မျိုး

 Schedule Meeting (5)မျိုး ************************** 🛑 Microsoft Teams အသုံးပြုသူများအနေဖြင့် Schedule Meeting (၅)မျိုးကို မိမိအဖွဲ့အစည်းလိုအပ်ချက်ပေါ်မူတည်ပြီး အသုံးပြုနိုင်ပါတယ်။ ✍️ Webinar 📍ပညာရပ်ပိုင်းဆိုင်ရာ/ အလုပ်ရုံဆွေးနွေးပွဲများအတွက် ရည်ရွယ်ပါတယ်။ 📍မေးခွန်းများမေးနိုင်ပြီး Q&A,Polls နှင့် attendee reporting များလုပ်ဆောင်နိုင်ပါတယ်။ 📍 တက်ရောက်သူများအနေဖြင့် Register လုပ်ရမှာဖြစ်ပါတယ်။ ✍️ Town Hall 📍အဖွဲ့အစည်းအတွင်းရှိသူ အများအပြားကိုတွေ့ဆုံဖို့ရည်ရွယ်ပါတယ်။ 📍အဖွဲ့အစည်းအတွင်း သတင်းများ/အရေးကြီးအကြောင်းအရာများကို ဝန်ထမ်းများအားမျှဝေဖို့အတွက် လုပ်ဆောင်နိုင်ပါတယ်။ 📍 အများအားဖြင့် Register လုပ်ဖို့မလိုပါ။ ✍️ Virtual appointment 📍တစ်ဦးချင်းတွေ့ဆုံဖို့ရည်ရွယ်ပါတယ်။ 📍ဆရာဝန်နှင့်လူနာ/ မိမိတို့ Customer ကိုသီးသန့်တွေ့ဆုံသည့်အခါ အသုံးပြုပါတယ်။ ✍️ Controlled-content meeting 📍မိမိတို့ အစည်းအဝေးရှိအကြောင်းအရာများကို အချိန်နဲ့တပြေးညီမထုတ်ပြန်ပဲ ထိန်းချုပ်ထားသည့်အခါ ပြုလုပ်ဖို့ရည်ရွယ်ပါတယ်။ 📍Security ကိုအဓိကထားပါတယ်။ ✍️ Live Event 📍ပရိသတ်အများအပြားကိုရည်ရွယ်ပါတယ်။ 📍အဖွဲ့အ...