Posts

Azure Virtual Network Peering

➡️ Azure မှာ VNet တွေတည်ဆောက်ပြီး အချင်းချင်း ချိတ်ဆက်ဖို့အတွက် Private Connectivity မှာ  Azure Virtual Network Peering ကိုအသုံးပြုပါတယ်။ ➡️ အကျိုးတွေကတော့ 📌Microsoft Backbone Network ကိုအသုံးပြုခြင်း ✅Resources တွေအချင်းချင်းချိတ်ဆက်တဲ့အခါ public ip ကိုမသုံးပဲ private ip ကိုအသုံးပြုပြီး ချိတ်ဆက်ခြင်းကြောင့် security အပိုင်းအတွက် အဆင်ပြေပါတယ်။ 📌Peering လုပ်နေတဲ့အချိန်လည်း Downtime မရှိပါ။ 📌Azure Subscription, Azure Entra Tenants, Azure Regions  အချင်းချင်း Peering လုပ်ဆောင်နိုင်ပါတယ် ➡️လေ့လာရမည့်အချက်တွေကတော့ ✍️Azure Virtual Network Peering ကို ဘယ်လိုအသုံးပြုရမလဲ အကျိုးဘယ်လိုရှိပါမလဲ Features တွေက ဘာတွေလဲ ✍️Azure VPN Gateway  ဒီနေရာမှာ VPN Gateway သည် encrypted traffic ကို internet ပေါ်ကနေ ပို့ဆောင်ခြင်းဖြစ်ပါတယ်။ ♦️Site to Site VPN ♦️Point to Point VPN ♦️VNet to VNet VPN ✍️ExpressRoute သည် M365,Azure,Dynamic 365 နဲ့ on-premises ကို private connections တည်ဆောက်ပြီး Microsoft Backbone Network ကိုအသုံးပြုပါတယ်။ #zntmvp AZ-104 မှ သင်ခန်းစာဖြစ်ပါတယ်။

Microsoft Purview

➡️MS-102 လေ့လာနေသူများအနေဖြင့် Manage compliance by using Microsoft purview ကို မဖြစ်မနေလေ့လာရမှာဖြစ်ပြီး Learning Paths (7/8/9)အခန်း ၃ခု ပါဝင်ပါတယ်။ 🤔 ပထမဦးဆုံးအနေနဲ့ Microsoft Purview ဆိုတာဘာလဲ သိဖို့လိုပါတယ်။ ✅ ယနေ့ခေတ်တွင် data များသည် decentralized အနေအထားဖြစ်ပါတယ်။ ✅Centralized (တစ်ခုတည်းသော အုပ်ချုပ်မှုတွင်မရှိပဲ နေရာစုံမှ Data များကို govern,protect,and manage လုပ်ဖို့ Microsoft Purview ကိုအသုံးပြုရပါတယ်။ 📌 Microsoft Purview core features  ❗️ Data governance  အဖွဲ့အစည်းအတွင်းမှ လူပုဂ္ဂိုလ်များထွက်ခွါသည့်အခါ Data များကို retire,improve,store,preserve,expire လုပ်ဆောင်နိုင်ပါတယ်။ ❗️eDiscovery  User ရဲ့ request ပေါ်မူတည်ပြီး Information များကို မြန်မြန်ဆန်ဆန် ရှာဖွေနိုင်ပါတယ်။ ❗️Auditing  Monitor and investigate လုပ်ဆောင် နိုင်ဖို့ အထူးစီစဉ်နိုင်ပြီး outside မှ မလိုလားမှုများမလုပ်ဆောင်နိုင်ရန်လည်း ကာကွယ်ပေးထားပါတယ်။ #zntmvp

Network size ကိုချုံ့ခြင်း

➡️ Azure ရဲ့ Virtual Network သင်ခန်းစာမှာ 📌 ipv4 Address Space 10.20.0.0/16 ကိုရွေးပြီး 📌Add Subnet 10.20.0.0/27 ဘာကြောင့်ရွေးကြတာလဲ???? 📌Add Subnet နေရာမှာ ထပ်ပေါင်းပြီး 10.20.10.0/24 ဘာကြောင့်လုပ်ကြတာလဲ ✅ ipv4 address နေရာမှာရှိတဲ့ 10.20.0.0/16 ကို Main Network လို့ခေါ်ပြီး Add Subnet 10.20.0.0/27 ကို  Network Size လို့ ခေါ်ပါတယ်။ ✅10.20.0.0/16 ဆိုတာက ပုံမှန် Subnet mask 255.255.0.0 ဖြစ်ပြီး 10.20.0.0-10.20.255.255 အထိ 65536 (2¹⁶) ips ပါဝင်ပါတယ်။ ✅10.20. 0.0/27 ဆိုတာက  subnet mask 255.255.255.224 ဖြစ်ပြီး  10.20.0.0-10.20.0.31 အထိ 32 (2⁵) ips ပါဝင်ပါတယ်။ ♦️အဓိက Network Side ကိုချုံ့ချင်တာဖြစ်ပြီး Security နဲ့တခြားအကြောင်းအရာများလည်းပါဝင်ပါ တယ်။ ✍️AZ-900/AZ-104  ကိုလေ့လာနိုင်ပါတယ်။ #တတ်အားသရွေ့လေ့လာမျှဝေလျက်ပါ။ #zntmvp

ဒီနေ့ MIP နဲ့ ဘဝစာမျက်နှာတစ်ခု

Image
📌 ဘဝမှာ စာမျက်နှာတစ်ခုအဖြစ် Myanmar Industrial  Port (MIP) မှာ မိတ်ဆွေတွေရဲ့ဖိတ်ကြားမှုနဲ့အတူ ဆရာဦးငြိမ်းဦးနဲ့ AI အကြောင်းမျှဝေခဲ့ပါတယ်။ 📌လုပ်ငန်းဆောင်ရွက်တွေမှာ နည်းပညာကို အသုံးပြုမှုတွေကြောင့် ကြုံတွေ့ရမည့် အားသာချက်နဲ့ အားနည်းချက်တွေကို မျှဝေခဲ့ပါတယ်။ 📌AI နည်းပညာတွေရဲ့ အင်မတန်မှဆန်းကြယ်သော လုပ်ဆောင်ချက်များ ဘယ်လိုပဲလုပ်ဆောင်နိုင်ပါစေ။လူသားတွေရဲ့ လုပ်နိုင်စွမ်းသည် အမြဲအားသာနေမှာဖြစ်ပြီး လူသားဖက်မှ ပြင်ဆင်ထားဖို့သာလိုအပ်ကြောင်း မျှဝေခဲ့ပါတယ်။ 📌Microsoft Copilot အကြောင်းကိုလည်း တတ်အားသရွေ့လက်တွေ့မျှဝေခဲ့ပါတယ်။ #zntmvp ဘဝမှာ စာမျက်နှာတွေ တစ်ရွက်ပြီး တစ်ရွက်ရေးနိုင်ဖို့ အရှင့်ထံဆုမွန်တောင်းရင်း

ကျွန်တော်သင်ကြားသော အတန်းများ

➡️2004 ခုနှစ်မှ စတင်ပြီး သင်တန်းကျောင်းဖွင့်လှစ်ခဲ့ပါတယ်။ ➡️Computer/English နဲ့ LCCI သင်တန်းများကို စတင်ခဲ့ပါတယ်။ လက်ရှိမှာတော့ Chinese နဲ့ Art course များဖြည့်ထားပါတယ်။ ➡️ သင်တန်းတွင် လုပ်ဖော်ကိုင်ဖက် ဆရာ/ဆရာမများစွာနဲ့ လက်တွဲပြီး (၂၁)နှစ်ခရီးလမ်းကို ဖြတ်သန်းလျက်ရှိပါတယ်။ 📌 ကျန်းမာရေးကောင်းနေသရွေ့ နောက်ဆုံးထွက်သက်အထိသင်နိုင်အောင်ကြိုးစားသွားမှာပါ။ သင်ကြားခြင်းနဲ့ ကျွန်တော့်ဘဝထပ်တူထားပါတယ်။ 📌ကျွန်တော်ကိုယ်တိုင်သင်ကြားမည့်အတန်းများကတော့ ✍️ CompTIA A +  Computer စနစ်ရဲ့အခြေခံအကျဆုံးအပိုင်းကိုလေ့လာရမှာပါ။ ✍️CompTIA N+ အဆင်မြင့်နည်းပညာများဆက်လက်လေ့လာဖို့အတွက် ဒီအဆင့် ကိုမဖြတ်ပဲဆက်သွားလို့မရပါ။ ✍️Microsoft Server Administrators Course  Microsoft Server Administrator တစ်ဦးအနေနဲ့ ရပ်တည်ချင်သူတွေ/Server ရဲ့ သဘောတရားကိုလေ့လာချင်သူတွေအတွက်ပါ။ ✍️Microsoft 365 ♦️MS-900 ♦️MS-102 ♦️MS-700 ရုံးများ/အဖွဲ့အစည်းများ/ကျောင်းများတွင် နေ့စဉ်အသုံးပြုနေရသော လုပ်ငန်းဆောင်တာများအတွက် မသိမ ဖြစ်လေ့လာရမည့် သင်တန်းပါ။ ✍️Azure  ♦️AZ-900 ♦️AZ-104 Microsoft ရဲ့ Cloud ဖြစ်သော Azure Cloud ကိုအခြေခံမှစတ...

Maintaining mobile Devices

➡️ CompTIA A + လေ့လာနေသူတွေအနေနဲ့ လေ့လာရမည့် Module တစ်ခုပါ။ ➡️Apple ရဲ့ iOS နဲ့ Google ရဲ့ Android O/S တွေမှာ အဓိက CDMA နဲ့ GSM နှစ်မျိုးရှိပါတယ်။ 📌GSM အနေနဲ့ SIM card လိုပြီး CDMA အနေနဲ့ အများစုမှာ SIM card မလိုပဲသုံးစွဲနိုင်ပါတယ်။ကမ္ဘာ့နေရာအများစုမှာ GSM ကိုသုံးစွဲကြပါတယ်။ 📌CDMA အနေနဲ့  ထိန်းသိမ်းရမည့်အချက်များစွာရှိပါတယ်။Updates လုပ်ရမည့်အပိုင်းများစွာပါဝင်ပါတယ်။ Firmware,baseband updates,broadband updates,radio firmware updates,အဓိက အနေဖြင့် PRL (preferred  Roaming List)update ပါ။ PRL သည် Network Connections Database ပါ။ PRI ရဲ့ အစိတ်အပိုင်းလည်းဖြစ်ပါတယ် 📌GSM တွင် ဒီ စနစ်မရှိပါ။Network Selection Roaming ကိုအသုံးပြုထား သောကြောင့်ဖြစ်ပါတယ်။ #zntmvp PRIV

Azure Administer Monitoring

➡️ Azure ရဲ့ Monitoring tools ဖြစ်ပြီး Cloud resources များရဲ့ performance နဲ့ health ကို စောင့်ကြည့်ပြီး metrics,logs နဲ့ diagnostic ကိုဖော်ပြပေးပါတယ်။ ➡️ Azure Monitoring အပိုင်းတွင် 📌Azure Monitor 📌Azure Alerts  📌Log Analytics တို့ကိုအဓိက လေ့လာရမှာဖြစ်ပါတယ်။ ➡️ Compute resources Only နဲ့  Non-Compute Resources Only 📍Azure Monitor ရဲ့ Activity Log Events တွင် အထက်ပါ နှစ်ခုရဲ့ Log တွေကို မြင်တွေ့ရမှာဖြစ်ပါတယ်။ 📌processing Power ပေးနိုင်တဲ့ VMs ,Containers,serverless စသည့်တို့ကို Compute Resources Only လို့သတ်မှတ်ပါတယ်။ 📌 Processing Power မလိုပဲ Supporting Services ပေးနိုင်သော Networking,Storage,Database စသည့် resources များကို Non-compute Resources only လို့ သတ်မှတ်ပါတယ်။ ➡️Log Analytics အပိုင်းတွင် Microsoft ရဲ့ Kusto Query Language (KQL) ကိုအသုံးပြုပြီး Log Analytics ကိုပိုမိုထိရောက်စေပါတယ်။ #zntmvp AZ-104 ကိုလေ့လာနိုင်ပါတယ်။