Microsoft Friend Part (1)

Microsoft  မှ မိတ်ဆွေများနှင့် တစ်ခဏတာ အပိုင်း(၁)

    Microsoft ဆိုတဲ့ နာမည်ကို နည်းပညာနယ်ပယ်တွင် လုပ်ကိုင်နေသူတိုင်း သိရှိရင်းနှီးပြီး ဖြစ်သလို နည်းပညာနယ်ပယ်နှင့် မပတ်သတ်သောသူများအနေဖြင့်လည်း ဒီနာမည်ကို ရင်းနှီး သည့်သူ များလှပါတယ်။ Microsoft ကို စတင်တည်ထောင်သူကြီးကိုလည်း သိရှိသူများလှပါ တယ်။ Bill Gates လို့ကြားလိုက်တာနဲ့ ချမ်းသာသော သူဌေးကြီးလို့ ပြေးမြင်သူများပါတယ်။ ကမ္ဘာပေါ်မှာ အချမ်းသာဆုံးသူဌေးကြီးလို့ သိရှိကြပါတယ်။
    စာရေးသူ စာသင်သောအခါ တပည့်များကို မေးလေ့ရှိသော မေးခွန်းရှိပါတယ်။ ကွန်ပျူတာကို ဘယ်သူထွင်ခဲ့သလဲဆိုတာ သိသလားလို့။ စာသင်သားအများစု ဖြေဆိုကြသော အဖြေမှာ Bill Gates ပါဆရာလို့ဖြေကြပါတယ်။ Bill Gates ကို ကွန်ပျူတာ တီထွင်သူအဖြစ်လည်း မြင်တတ်ကြပါတယ်။ အမှန်တကယ်တော့ ကွန်ပျူတာ စပေါ်တုံးက Bill Gates က မမွေးဖွားသေးပါဘူး။
    စာရေးသူ၏ စိတ်ကူးထဲမှာ Microsoft ၏ ခမ်းနားမှုကို အမြဲမြင်ယောင်နေပြီး သုံးစွဲသူများနှင့်အမြဲရင်းနှီးသော နည်းပညာရပ်များ တီထွင်နေသည့်လုပ်ရပ်ကို နှစ်ခြိုက်မိပါတယ်။ ကွန်ပျူတာ အခြေခံ စသင်သူတိုင်းသည် Microsoft ကို ရင်းနှီးပြီးဖြစ်ပါတယ်။ မိမိအနေဖြင့် လေးစားနေသော Microsoft  သည် အမေရိကန်နိုင်ငံတွင် ရုံးစိုက်နေသောကြောင့် မိမိနိုင်ငံနှင့် လွန်စွာမှ အလှမ်းဝေးလှပါတယ်။ သို့သော် မိမိယုံကြည်လေးစားနေသော နည်းပညာများကို ဖြန့်ဖြူးနေသည့် Microsoft Exam များကို တတ်နိုင်သလောက် ဖြေဆိုပြီး Certified ဖြစ်အောင် လုပ်ထားပါတယ်။
    အချိန်တစ်ခုရောက်သောအခါ စာရေးသူတို့၏ ကုမ္ပဏီဖြစ်တဲ့ MCC  (Myanma Computer Company) အနေဖြင့် Microsoft Learning Partner လုပ်ရန် ပြင်ဆင်နေပြီး Learning Partner လုပ်လိုပါကလည်း Microsoft Exam များကို ဖြေဆိုထားသူများ လိုအပ်ကြောင်း သိရှိရပါတယ်။ ထိုအခါMCC မှ ဘယ်သူတွေ Microsoft Exam တွေကို ဘယ်လောက်ထိ ဖြေဆို အောင်မြင်ထားလဲဆိုတာ စာရင်းကောက်ယူကြပါတယ်။ စာမေးပွဲတော့ ဖြေထားပြီးExam Trend ကို အဆုံးထိဖြေဆိုသူကိုသာ Microsoft Learning Partner အတွက်လိုအပ်နေသော MCT (Microsoft Certified Trainer)အဖြစ် တက်ရောက်ခွင့်ပြုမှာဖြစ်ပါတယ်။ မိမိ လေးစားမြတ်နိုးမှုဖြင့် ဖြေဆိုထားသော Microsoft Exam များသည် ထိုအခါတွင် အလွန်အသုံးတည့်လာပါတော့တယ်။
    လူ့လောကတွင် မိမိတို့၏ ကြိုးစားထားသော အသီးအပွင့်ကို ချက်ချင်းလက်ငင်းရရှိသော အချိန်ကာလများရှိသလို တခါတရံတွင် အချိန်ကာလတစ်ခုကို စောင့်စားရသော ကာလများလည်း ကြုံရတတ်ပါတယ်။ သေချာသောအရာမှာ မိမိတို့ကိုယ်စီ စိုက်ထားသော အသီးအပွင့်များကို အချိန်တစ်ခုမှာ ပြန်ခံစားရမှာဖြစ်ပါတယ်။ နည်းပညာကို လေ့လာလိုက်စားနေသော လူငယ်များ အနေဖြင့်လည်း အခုအပင်စိုက်ပြီး ချက်ချင်း အသီးမသီးနိုင်ဘူးဆိုတာကို သတိပြုရန်လိုအပ်ပါ တယ်။
    အမေရိကားမှ Microsoft  နှင့် မြန်မာနိုင်ငံမှMCC တို့ Partner အဖြစ် လုပ်ငန်းစဉ်များကိုဆောင်ရွက်ရင်း စာရေးသူဘက်မှလည်း Microsoft ၏ အသိအမှတ်ပြုဆရာ ဖြစ်သော MCT  အတွက် သင်တန်းကို တက်ရောက်လေ့လာခဲ့ရပါတယ်။ စာသင်တဲ့ပုံစံကိုလည်း စနစ်တကျ သင်ကြားနိုင်ရန် ပြင်ဆင်ရမည့် အချက်များ၊ စာသင်သားများ၏ စိတ်ပိုင်းဆိုင်ရာကို ကိုယ်တွယ်ရမည့်ပုံစံ၊ PowerPoint များကို ပြင်ဆင်ရမည့်ပုံစံများကို လေ့လာမှတ်သားခဲ့ရပါတယ်။ သင်ကြားပေးသော ဆရာမှာလည်း Microsoft ၏ အသိအမှတ်ပြုလက်မှတ်ကို ကိုင်ဆောင်ထား သော MCT  ဖြစ်ရပါတယ်
    ထိုကဲ့သို့ လေ့လာခဲ့ရသောအကျိုးမှာ စာသင်ခန်းထဲတွင် လက်တွေ့အသုံးဝင်လှပါတယ်။ နည်းပညာသည် ရှေ့သို့သာ သွားနေသော ခေတ်ကာလဖြစ်သောကြောင့် နည်းပညာကိုလေ့လာနေသူ များအနေဖြင့် စဉ်ဆက်မပြတ်လေ့လာသင်ယူဖို့ လိုအပ်ပါတယ်။ နည်းပညာကုမ္ပဏီများအနေဖြင့် မိမိတို့၏နည်းပညာအသစ်အဆန်းများကို အမြဲမပြတ်ထုတ်လုပ်နိုင်ရန် အပြိုင်အဆိုင်ကြိုးစား လုပ်နေကြပါတယ်။ Microsoft  မှလည်း မိမိတို့၏နည်းပညာများကို သင်ကြားပေးမည့် ဆရာများကို နောက်ဆုံးအသစ်တီထွင်ထားသည့် နည်းပညာများ ဆက်လက်သင်ကြားနိုင်ရန်အတွက် အမြဲမပြတ် ပြုလုပ်ပေးလျက်ရှိပါတယ်။
    Microsoft ၏ Asia Learning Partner Summit ၂၀၁၆ ကို Singapore နိုင်ငံတွင် ၂၀၁၆ခုနှစ်၊ အောက်တိုဘာလ (၂၅)ရက်နေ့နှင့် (၂၆)ရက်နေ့မှာ ပြုလုပ်ခဲ့ပါတယ်။ ထိုအခမ်း အနားကို စာရေးသူ တက်ရောက်ခွင့်ရခဲ့ပြီး ၂၀၂၀ခုနှစ်အထိ ငြခမသျသ်အ မှ ကြိုတင် တွက်ချက်ထားရှိမှုများကို ရှေ့တစ်ပါတ်တွင် ဆက်လက်တင်ပြသွားမှာဖြစ်ပါတယ်။





                                    ဆရာဇာနည် (MCT)

Comments

Popular posts from this blog

Azure Active Directory Plans and Pricing

Microsoft Azure and Microsoft 365 Different