Microsoft Friend Part (2)

Microsoft  မှ မိတ်ဆွေများနှင့် တခဏတာ အပိုင်း(၂)

    ၁၉၄၀ခန့်တွင် ကွန်ပျူတာ စတင်ပေါ်ပေါက်ခဲ့ပြီး (၃၅)နှစ်ကြာမှ စတင်ခဲ့သော Microsoft ကို ၁၉၇၅ ခုနှစ်တွင် စတင်ခဲ့ပါတယ် Microsoft ၏ Windows ဆိုတဲ့ Operating System Software ကို ကွန်ပျူတာ စတင်လေ့လာသူတိုင်း ရင်းနှီးပြီး ဖြစ်ကြပါတယ်။ စာရေးသူ တက်ရောက်ခဲ့သော Microsoft Asia Learning Partner Summit 2016 ကို Singapore နိုင်ငံတွင် ၂၀၁၆ခုနှစ်၊ အောက်တိုဘာလ (၂၅)ရက်နေ့နှင့် (၂၆)ရက်နေ့မှာ ပြုလုပ်ခဲ့ပါတယ်။ ထို့အတွက်ကြောင့် စာရေးသူအနေဖြင့ှ်Summit မတိုင်မီ တစ်ရက်ကြိုပြီးသွားရောက်ခဲ့ပါတယ်။
    Singapore နိုင်ငံ၏ တိုးတက်မှုကို ကမ္ဘာအရပ်ရပ်မှ လက်ခံပြီးဖြစ်ပြီး ဘာကြောင့် တိုးတက်ကြသလဲဆိုတာကို စိတ်ဝင်စားသူ များလှပါတယ်။ သဘာဝသယံဇာတ အနည်းငယ်သာ ပိုင်ဆိုင်ပြီး သေးငယ်သောနိုင်ငံတစ်ခုဖြစ်သော်လည်း လူ့စွမ်းအားအရင်းအမြစ်ကို တန်ဖိုးထားသော ကြောင့် ယခုလို အောင်မြင်နေခြင်းဖြစ်ပါတယ်။
    စာရေးသူတွေ့မြင်ခဲ့သော လူစီကားရာနေရာများဖြစ်သည့် ရထားစီးသောနေရာ၊ ကားစီးသော နေရာများတွင် လူအများအနေဖြင့် စာအုပ်များဖြစ်စေ၊ Electronic ပစ္စည်းများဖြစ်သည့် Phone/Tablet များဖြင့် လေ့လာမှုများကို ပြုလုပ်ကြပါတယ်။ နည်းပညာ ကုမ္ပဏီကြီးများ အနေဖြင့်လည်း Singapore နိုင်ငံတွင် အခြေတည်ပြီး အရှေ့တောင်အာရှနှင့် အာရှဘက်မှ လုပ်ငန်းများကို လုပ်ကိုင်နေကြပါတယ်။ ဒီအချက်ကတော့ နိုင်ငံတစ်ခု၏ စနစ်ကို ယုံကြည်သော အခြေအနေ တည်ဆောက်ထားမှုကို ပြသနေတာဖြစ်ပါတယ်။
    သို့သော် စာရေးသူနှင့် တွေ့ဆုံသောSingapore နိုင်ငံသားများ၏ တုံ့ပြန်မှုတစ်ခုကတော့ စိတ်ဝင်စားဖို့ကောင်းလှပါတယ်။ မြန်မာနိုင်ငံကလို့ ပြောလိုက်တာနဲ့ ကြီးမားသောနိုင်ငံတစ်ခုလို့ ပြောပြီး ဧရိယာကျယ်ဝန်းမှုကို ညွှန်းဆိုကြပါတယ်။ ထိုအကြာင်းအရာတွေကတော့ Summit မတိုင်မီတစ်ရက်အတွင်း လေ့လာစရာများဖြစ်ပါတယ်။ Summit  အတွက် ပြင်ဆင်ထားရှိမှုကတော့ တက်ရောက်ရန် စာရင်းပေးသွင်းချိန်မှစတင်ပြီး Microsoft ဘက်မှ အချိန်ဇယားများဖြင့် ပြင်ဆင်ထားပြီးဖြစ်ပါတယ်။
    Summit 2016 ရဲ့ခေါင်းစဉ်ကတော့ Lead The Way To Digital Transformation ဖြစ်ပါတယ်။ ယခုပွဲအတွက် Sponsors များကတော့ 
    မိမိတို့ MCT များအနေဖြင့် စာသင်ကြားရာတွင် ဖြစ်စေ၊ Marketing Transformation လုပ်ရာတွင်ဖြစ်စေMicrosoft  အနေဖြင့် Office 365 ကို ပြင်ဆင်ထားကြောင်းနှင့် သင်ကြားပေးရန် ပြောကြားထားပါတယ်။ ထို့အပြင်MCT  များအနေဖြင့် စာသင်ကြားရာတွင် ဝယ်ယူပြီးလေ့လာမည့်အရာများကို ယခုနှစ် နိုဝင်ဘာလကုန်ခန့် မှစတင်ပြီး ဝယ်ယူရန်မလိုသော အစီအစဉ်များကို ရရှိတော့မည်ဖြစ်ပါတယ်။
    လူအများအနေဖြင့်Office 365 ကို မိမိတို့လက်ရှိသုံးနေသော Microsoft Office 2010/2013/2016 တို့နှင့်တူသော Software အဖြစ် မှတ်ယူတတ်ကြပါတယ်။ အမှန်တကယ်တော့ Office 365 တွင် ပါဝင်သောFeatures များသည် များပြားလှပြီး Microsoft Windows Server နှင့်ချိတ်ဆက်ကာ လုပ်ငန်းများကို တွင်ကျယ်စွာလုပ်ကိုင်နိုင်ရန် ပြင်ဆင်ထားပါတယ်။ ထို့အတွက်ကြောင့် Intelligent Cloud ကိုလည်း Microsoft က ပြင်ဆင်ထားပြီးဖြစ်ပါတယ်။


International Exam တွေကို ကိုယ်စားပြုစစ်ဆေးပေးနေသော Pearson VUE နဲ့ Microsoft ၏နည်းပညာများကို လေ့လာရန်အတွက် အသုံးပြုသော Learn On Demand System မှ ဆောင်ရွက်ပေးထား ပါတယ်။ ခေါင်းစဉ်တပ်ထားသော စာသားမှစပြီး Microsoft ၏ ပြင်ဆင်ထားသော ဆွေးနွေးချက်များသည် Cloud ဆိုသော နည်းပညာရပ်ကို နောင်နှစ်များအတွက် ကြိုတင်ပြင်ဆင် ထားသည်ကို လေ့လာခဲ့ရပါတယ်။ ၂၀၂၀ ခုနှစ်မှ ၂၀၂၅ နှစ်များအထိ Cloud ပေါ်မှ လုပ်ဆောင်ချက်များ ပိုမိုတွင်ကျယ်လာမည်ဖြစ်ပါတယ်။

Comments

Popular posts from this blog

Azure Active Directory Plans and Pricing

Microsoft Azure and Microsoft 365 Different