What is Kaizala?


What is Kaizala?

Microsoft ရဲ့ထုန်ကုန်တစ်ခုဖြစ်သော Kaizala သည် Mobile Apps တစ်ခုဖြစ်ပြီး ကြီးမားသော အဖွဲ့အစည်းများအတွက် ဆက်သွယ်မှုလွယ်ကူစေရန်နှင့် အလုပ်များတွင်ကျယ်စေရန် အကောင်းဆုံးဝန်ဆောင်မှုပေးနေပါတယ်။မိတ်ဖက် အဖွဲ့အစည်းများ၊ဝန်ထမ်းများအချင်းချင်းနှင့် အသင်းအဖွဲ့များ၏ လုပ်ငန်းများ လုပ်ဆောင်ရာတွင် ပေါင်းကူးတံတားသဖွယ်တည်ရှိပါတယ်။
ပါဝင်သော ဝန်ဆောင်မှုများအနေဖြင့်
(၁)      တစ်ဦးနှင့်တစ်ဦးချိတ်ဆက်ပြီး အချက်အလက်များကို စာသားဖြင့်လည်းကော
င်း     Video ဖြင့်လည်းကောင်း မျှဝေနိုင်ခြင်း
(၂)      လုပ်ငန်းများ ပိုမိုထိရောက်စေရန်အတွက် အစည်းအဝေးများလုပ်ဆောင်နိုင်ခြင်း၊အချိန်နှင့်တစ်
ပြေးညီလုပ်ဆောင်ရမည့်အရာများကို လုပ်ဆောင်နိုင်ခြင်း၊ကြေညာနိုင်ခြင်း၊
(၃)အချိန်နှင့်တပြေးညီ ပြန်လည်ကြည့်ရှုနိုင်ခြင်း၊စစ်ဆေးနိုင်ခြင်းတို့ဖြစ်ပါတယ်၊

ယနေ့အချိန်တွင် ဆေးရုံကြီးများနှင့် လေယာဉ်ပျံဝန်ဆောင်မှုလုပ်ငန်းများတွင် Kaizala ကို အသုံးပြုလာကြပါတယ်။   Apollo Hospital ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်းများတွင် အသုံးပြုနေကြပါတယ်။သူတို့၏မှတ်ချက်များကတော့ လူနာများ၏ အခြေအနေကို လွန်ကူစွာသိရှိနိုင်ရန်နှင့် လိုအပ်သည့်လမ်းညွန်မှုကို အချိန်နှင့်တပြေးညီပေးနိုင်ကြောင်း မှတ်ချက်ပြုထားပါတယ်။
 Philippine Airline သည် သက်တမ်းကြာမြင့်သော အာရှလေကြောင်းလိုင်းတစ်ခုဖြစ်ပါတယ်၊(၈၀ဝ၀ဝ) ကျော်ရှိသော ဝန်ထမ်းများဖြင့် လည်ပတ်လျက်ရှိပါတယ်၊သူတို့၏မှတ်ချက်များ
အရ အသုံးပြုရလွယ်ကူခြင်း၊မြန်နှုန်းမြင့် အင်တာနက်လိုင်းများမလိုအပ်ခြင်း၊ ဝန်ထမ်းများအချင်းချင်းအချိန်နှင့်တပြေးညီ ပေါင်းပူးလုပ်ဆောင်နိုင်ခြင်း၊ Customers များကိုလွယ်ကူစွာ ဝန်ဆောင်မှုပေးနိုင်ခြင်းတို့ကြောင့် အသုံးပြုလျက်ရှိကြောင်းကို မှတ်ချက်ပြုထားပါတယ်။
Kaizala သည်
 (၁) Fast to Implement အနေဖြင့် မြန်ဆန်စွာ မိမိလိုအပ်ချက်ကို ပြင်ဆင်နိုင်ခြင်း။
(၂) Easy to User (လွယ်ကူစွာ အသုံးပြုနိုင်ခြင်း)
(၃) Work more Efficiently (ပိုမိုထိရောက်သော လုပ်ဆောင်ချက်များလုပ်ကိုင်နိုင်ခြင်း)
(၄) Streamline and Secure Communication (လုံခြုံစိတ်ချရသော အနေအထားဖြင့် အသုံးပြုနိုင်ခြင်း)
(၅) Reshaping Industries (ယခင်လုပ်ဆောင်မှုများနှင့်မတူညီသော ဝန်ဆောင်မှုကို ပေးနိုင်ခြင်း) စသည့်အချက်များကြောင့် လုပ်ငန်းများစွာ အသုံးပြုလျက်ရှိပါတယ်။
ယနေ့ခေတ်ကာလသည် နေရာတိုင်းတွင် အသုံးပြုသော Computer မရှိသော်လည်း နေရာတိုင်းတွင် အသုံးပြုသော Mobile Phone ရှိနေသောကြောင့် Microsoft ၏ Kaizala သည်များစွာ အသုံးဝင်လာမည်ဖြစ်ပါတယ်။


Comments

Popular posts from this blog

Azure Active Directory Plans and Pricing

Microsoft Azure and Microsoft 365 Different