o365 and M365 ကွာခြားချက်
*****************************
1/ o365 သည် Cloud-based ဖြစ်ပြီး Word,Excel,PowerPoint,Outlook,Teams,Planner,
Yammer စသည့် Apps များဖြင့်ဖွဲ့စည်းထားပါတယ်။
တနည်းအားဖြင့် အခန်းပေါင်းများစွာဖြင့် မိမိလုပ်ငန်း၏
လိုအပ်ချက်များတွင် အသုံးချပြီး လုပ်ဆောင်ချက်များကို
မြင့်တင်နိုင်ပါတယ်။

M365 သည် ဝန်ဆောင်မှုများကို ထုပ်ပိုးထားသော
အထုပ်တစ်ခုဖြစ်ပြီး o365,Windows 10 နှင့်
Enterprise Mobility + Security (EMS)တို့ကို
ပေါင်းထားပါတယ်။
2/ o365 ကို Subscription အသုံးပြုပါက Personal,home,Education,Government,
Non-Profit,Business နှင့် enterprise plan တို့ရှိပါတယ်။
M365 တွင် Microsoft 365 Business,Microsoft 365 Enterprise နှင့် Microsoft 365 Education စသည့် Subscriptionများရှိပါတယ်။
3/ o365 သည် M365 တွင် အစိတ်အပိုင်းအဖြစ်ပါဝင်နေပါတယ်။
4/ စျေးနှုန်းအနေဖြင့် o365 ၏ Business Premium သည် အသုံးပြုသူတစ်ယောက် (၁)လအတွက် $ 12.5 ကုန်ကျပြီး M365 Business မှာတော့ $ 20.00 ကုန်ကျမှာဖြစ်ပါတယ်။
ကွာခြားနေသော စျေးနှုန်းသည် Windows 10 နှင့်
Enterprise Mobility + Security အတွက် ပေးရသော
စျေးနှုန်းဖြစ်ပါတယ်။
(စျေးနှုန်းများသည် အချိန်ကာလအရပြောင်းလဲနိုင်ပါတယ်)
5/ o365 နှင်​့ M365 အတွက် ထူးခြားသော
ကွာခြားချက်သည် M365 သည် Microsoft ၏
operating system ဖြစ်သော Windows 10
ပါဝင်ခြင်းဖြစ်ပါတယ်။
6/ အသုံးပြုသူများအနေဖြင့် Microsoft ၏ထုတ်ကုန်များကို တစ်ခုချင်း လိုင်စင်ဖြင့်ဝယ်သုံးမည့် ကုန်ကျစရိတ်ထက် M365 တွင်ပါဝင်သော Features များကို တပါတည်းအသုံးပြုပါက ရေရှည်တွင် ကုန်ကျစရိတ်များစွာသက်သာသွားမည်ဖြစ်ပါတယ်။
Microsoft အနေဖြင့် Windows 7 operating System ကို မကြာမီရက်များအတွင်း လုံခြုံရေးအတွက် ကာကွယ်သော စနစ်များနှင့်
အသစ်အသစ်သော Features များကို
ဆက်လက်မပေးတော့ကြောင်း ကြေညာထားပါတယ်။

Comments

Popular posts from this blog

Azure Active Directory Plans and Pricing

Microsoft Azure and Microsoft 365 Different