Microsoft Teams in 2020

Microsoft Teams in 2020
Unified platform ဖြစ်စေချင်သော Microsoft Teams သည် Sky for Business နေရာကို ရယူကာ Office 365 အတွင်း ပိုမို အသုံးပြုလာနိုင်မှာဖြစ်ပါတယ်။
Microsoft Ignite ဟုဆိုသော Microsoft Teams သည် အသုံးပြုသူ Users များအတွက် မီးတောက်နေသော ထွန်းလင်းတောက်ပခြင်းတွေနဲ့အတူ Collaboration နှင့် Communication များပိုမိုထိရောက်စွာ လုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။
New Features တွေကတော့
1/ Private Channels
မိမိတို့အနေဖြင့် ပုံမှန်အသုံးပြုနေသော Channel များအပြင် သီးသန့် Channel များတည်ဆောက်ကာ အသုံးပြုလိုသော Members များဖိတ်ခေါ်ပြီး မိမိတို့ မျှဝေချင်သောအကြောင်းအရာများကို မျှဝေနိုင်ပါတယ်။
2/ Multi-Window
Teams ကို အသုံးပြုသူများအနေဖြင့် လုပ်ငန်းအတွက် အချိန်ဇယားနှင့် စကားစမြည်ပြောဆိုခြင်းများကို Window တစ်ခုတည်းကို အသုံးပြုသည့်အခါ မတွင်ကျယ်သော ရလာဒ်များအတွက် ဒီပြဿနာကို အခုအခါ ကျော်လွှားနိုင်မှာဖြစ်ပါတယ်။
3/ Messaging extensions
Teams Meeting လုပ်ဆောင်ရာတွင် သိလိုသော အကြောင်းအရာများ မေးမြန်းခြင်းနှင့် သဘောထားမှတ်ချက်ပြုလုပ်ခြင်းများကို အချိန်နှင့်တပြေးညီ ပိုမို လုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။
4/ Pinned Channels
Microsoft 365 သည် Word,Excel နှင့် PowerPoint တို့ကို အဆင်ပြေစွာ အသုံးပြုနိုင်သကဲ့သို့ Microsoft Teams တွင်လည်း ဒီစွမ်းဆောင်ရည်ကို ထည့်သွင်းလာပါတယ်။အချိန် သက်သာစွာ အသုံးပြုလာနိုင်မှာဖြစ်ပါတယ်။
5/ Outlook integration
နေ့စဉ်ပျမ်းမျှ အစောင် ၁၂၁ စောင်သော Mail တွေကို လက်ခံခြင်းနှင့် ဖြန့်ဝေခြင်းတို့ လုပ်ဆောင်နေရသော သူတွေအတွက် Teams ပေါ်မှနေ၍ Share to team buttom လေးကို အသုံးပြုပြီး မိမိအဖွဲ့ဝင်များကို အလွယ်တကူ မျှဝေနိုင်မှာဖြစ်ပါတယ်။
ထို့အတူ Outlook မှလည်း မိမိ Teams Members များသို့ မျှဝေနိုင်မှာဖြစ်ပါတယ်။
6/ Tasks in Teams
အချိန်နှင့်တပြေးညီဖြစ်မှုသည် လုပ်ငန်းများအတွက် လွန်စွာအရေးကြီးသဖြင့် ယနေ့အချိန်တွင် Teams ပေါ်မှနေ၍ to-do list နှင့် Planner များကို လုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။
7/ Microsoft Whiteboard
Teams အတွင်း Microsoft ၏ Whiteboard ကို အသုံးပြုနိုင်မှာဖြစ်ပါတယ်။အစည်းအဝေးများပြုလုပ်သည့်အခါ မိမိပြောဆိုလိုသော အကြောင်းများကို ရေးသားဖော်ပြနိုင်ပြီး မှတ်စုသဘောလည်း ပြန်လည်ဝေမျှနိုင်မှာဖြစ်ပါတယ်။
8/ Live caption
မတူညီသော ဒေသများမှ ပြောဆိုသော ဘာသာစကားများအတွက် လုပ်ငန်းလုပ်ဆောင်ရာတွင် အခက်အခဲရှိပါတယ်။
language barriers  ဟု အများပြောဆိုကြသော ဘာသာစကားအခက်အခဲကို ပြေလည်စေမည့် နည်းလမ်းကို Teams ထဲတွင် ပါဝင်လာမှာဖြစ်ပါတယ်။

Comments

Popular posts from this blog

Azure Active Directory Plans and Pricing

Microsoft Azure and Microsoft 365 Different