Microsoft Teams Tips

Microsoft Teams Tips

21 ရာစု၏ 4C ထဲမှ
communication နှင့် collaboration
အပိုင်းနှစ်ခုပါဝင်နေသော Microsoft Teams ၏အသုံးဝင်ပုံများကို လေ့လာကြပါစို့။
1/ Send Email To Teams Channels
Microsoft Teams မှ ယနေ့ခေတ်လူတိုင်းအသုံးပြုနေသည့် Email များကို လွယ်ကူစွာ ဆက်သွယ်နိုင်ပါတယ်။
Communication အဖြစ်အသုံးပြုနေသော Real-time Collaboration/ Private Chat/Public Coversation/ Audio Calls/Video Calls နှင့် Virtual Meetings များအတွက် Email မှ တဆင့် ဆက်သွယ်ကာ အချိန်တိုအတွင်း အသုံးပြုနိုင်ပါတယ်။
Teams Member များ၏ Get email address မှ တဆင့် အလွယ်တကူ ဆက်သွယ်နိုင်ပါတယ်။
2/ BookMark Content
Persistent Chat ဟုဆိုထားသော Teams မှ
မိမိ၏ အရေးကြီးသော အချက်အလက်များကို
မှတ်သားထားနိုင်ပါတယ်။
တချို့အသုံးပြုများသည် မိမိတို့၏ အရေးကြီးသောအချက်အလက်များ ပျောက်ဆုံးသွားမှာကို စိုးရိမ်ကြပါတယ်။
ဒီအခါမှာတော့ Flag ဟုခေါ်သော အလံပုံကို အသုံးပြုပြီး Save လုပ်ကာ မှတ်သားထားနိုင်ပါတယ်။
3/ Add Titles To Group Chat
21 ရာစုမှာ ရှင်သန်ဖြတ်သန်းသော လူသားတိုင်းအတွက် ပူးပေါင်းဆောင်ရွက်မှုမဖြစ်မနေလုပ်ရပါတယ်။
Microsoft Teams တွင် လူအများ တချိန်တည်း
အတူတကွ တိုင်ပင်ဆွေးနွေးကာ ဆုံးဖြတ်ချက်များ
ချနိုင်မည့် လုပ်ဆောင်ချက်ပါဝင်ပါတယ်။
ထို့အတူ မိမိအရေးကြီးဆုံး Group ကိုလည်း Pin တွဲထားပြီး ထိရောက်စွာ အသုံးပြုနိုင်ပါတယ်။
4/ Add Connectors
Microsoft Teams ထဲမှ Channel တစ်ခုစီအတွက် Connectors ပါဝင်ပါတယ်။
Connectors မှတဆင့် News/ Twitter/ Wunderlist/Trello များကို ဆက်သွယ်နိုင်ပါတယ်။
5/ Recording Transcripts
ဒီအချက်ကတော့ သုံးစွဲသူတော်တော်များများ မသိသေးတဲ့အချက်ပါ။Microsoft Teams တွင် Meeting များ ပြုလုပ်ကြပါတယ်။Meeting Recording ကို Open in Microsoft Streams ကို အသုံးပြုပြီး Edit ထဲမှ ဘာသာစကားကို ရွေးချယ်နိုင်ပါတယ်။သူ့အလိုလိုတော့ မပေါ်ပါဘူး။ Setting ထဲမှ Show transcript ကိုရွေးချယ်ပေးရပါတယ်။
6/ Add Applications
Microsoft Teams မှ နေပြီး တခြား Apps တွေကို
လိုအပ်လျှင် လိုအပ်သလို ပေါင်းထည့်အသုံးပြုနိုင်ပါတယ်။
7/ Shortcuts and Commands
Microsoft Teams ကို အသုံးပြုလျက် Keyboard ထဲမှ Ctrl+ E / Ctrl + G / Ctrl + N / Ctrl + 1 / Ctrl +2 / Ctrl + 3/ Ctrl + 4 နှင့် Ctrl + 5 တို့ကို နှိပ်ကာ မိမိအသုံးပြုလိုသော နေရာများကို အချိန်တိုအတွင်း သွားနိုင်ပါတယ်။
Search box ထဲတွင် /call တို့အသုံးပြုပြီး မိမိဆက်သွယ်လိုသော သူကို ဆက်သွယ်ခြင်း/ @ ကိုအသုံးပြုပြီး Quick Chat ပြုလုပ်နိုင်ပါတယ်။

Comments

Popular posts from this blog

Azure Active Directory Plans and Pricing

Microsoft Azure and Microsoft 365 Different