Points of Office 365

Office 365 အတွက် အသုံးပြုသူများ သတိထားရမည့်အချက်များစွာရှိပါတယ်။
1/ Office 365 ဆိုတဲ့ Package ထဲတွင် Application Tools များစွာရှိပါတယ်။ Application Software များစွာစုထားသော Package တစ်ခုလို့ မြင်တတ်ဖို့ လိုပါတယ်။
2/ အသုံးပြုသူများအနေဖြင့် ဘယ်အချိန်တွင် ဘယ် tools ကို ထိရောက်စွာ အသုံးပြုနိုင်မလဲဆိုတာ သိဖို့လွန်စွာ အရေးကြီးပါတယ်။
3/ ယနေ့ခေတ်
လူတစ်ဦးချင်းဖြစ်စေ/အဖွဲ့အစည်းတစ်ခုအနေနဲ့ဖြစ်စေ အရင်းနှီးအနည်းဆုံး စိုက်ထုတ်ပြီး အကျိုးအမြတ်များစွာလိုချင်ကြပါတယ်။
ဒီအခြေခံ သဘောတရားကို Office 365 က ပေးထားပါတယ်။
Office 365 သည် Subcription လစဉ်/နှစ်စဉ်ကြေး ပေးပြီး အသုံးပြုရပေမယ့် ရရှိသော အကျိုးများကတော့ များစွာရှိပါတယ်။
(မှတ်ချက် ---- အနေနဲ့ လက်ရှိအချိန်တွင် တချို့ Tools များကို တလဖြစ်စေ/ ၆ လဖြစ်စေ အခမဲ့ အသုံးပြုခွင့်ပေးထားပါတယ်။
4/ လူတစ်ဦးချင်း၏ အလုပ်လုပ်နေသော နေရာတွေမတူညီသည့်အတွက် အသုံးပြုပုံစံတွေ မတူညီနိုင်ပါ။တချို့အတွက် လူအများနှင့် တနေကုန် ပြောဆိုဆက်ဆံရသော Communication လုပ်သူတွေအတွက် သုံးစွဲရမည့် Tools နဲ့ တချို့ နှိုင်းယှဉ်ချင်းအတွက် Analyse လုပ်မည့် Tools ကို အသုံးပြုနေရသော အခြေအနေရှိပါတယ်။ဒီတွေအတွက် ဘယ် Tools ကို ဘယ်အချိန်သုံးရမလဲ သိဖို့လိုပါတယ်။
5/ ထို့အတွက်ကြောင့် Office 365 တွင် မိမိရဲ့
Data တွေ သိမ်းဆည်းမှုကို OneDrive/SharePoint နှင့် Stream တို့တွင် ပြုလုပ်ထားပါတယ်။
ဘယ် Data ပဲသိမ်းသိမ်း ဒီ (၃) မှာ ရှိပါတယ်။
OneDrive ထဲတွင် Person's file များ သိမ်းဆည်းခြင်းနှင့်အတူ သိမ်းဆည်းရန်အတွက် 1 TB လည်း ပါဝင်ပါတယ်။
Communication လုပ်ရန်အတွက် Outlook/ Teams နှင့် Yammer ကို အကျိုးရှိစွာ အသုံးချဖို့လိုပါတယ်။
လုပ်ငန်းအတွက် ထိရောက်သေချာသော စာအပေးအယူအတွက် Outlook ကို အသုံးပြုပြီး
Chat / Video Conferencing /Audio Conferencing/ File Sharing တို့အတွက်ကတော့ Microsoft Teams ကို အသုံးပြုပါတယ်။
ယနေ့ခေတ်အချိန်တွင် Work from Home အတွက် လူအများ အသုံးပြုမှုများစွာရှိပါတယ်။
ယနေ့ခေတ်ကာလသည် Social Media အတွက် မရှိမဖြစ် ဖြစ်နေသောကြောင့် မိမိတို့၏ လုပ်ငန်းတွင်း သတင်းအချက်အလက်များ ပြင်ပသို့ မရောက်ရှိဖို့ လွန်စွာအရေးကြီးပါတယ်။ဒီ့အတွက် မိမိတို့လုပ်ငန်းအတွင်း အချင်းချင်း ဆက်သွယ်စကားပြောဖို့ Like/Comment အတွက် Yammer ကို အသုံးပြုဖို့လိုပါတယ်။
အချက်အလက်များကို ကိုယ်တိုင်ဖန်တီးပြီး လုပ်ငန်းများလုပ်ဆောင်လိုပါက Word/Excel/PowerPoint/OneNote/Sway နှင့် Forms တို့ကို အသုံးပြုပါတယ်။
word/Excel/PowerPoint ကိုတော့ လူအများရင်းနှီးသော Tools တွေဖြစ်ပါတယ်။
OneNote ကတော့ မှတ်စုရေးမှတ်ရာတွင် လုပ်ရမည့် အစီအစဉ်အလိုက် မှတ်သားထားနိုင်သောအရာတစ်ခုဖြစ်ပါတယ်။
Sway နဲ့ PowerPoint အသုံးပြုသည့် ရည်ရွယ်ချက်သည် များစွာတူညီသော်လည်း လုပ်ဆောင်မှုတွေက ကွဲပြားပါတယ်။Presentation program ဖြစ်နေသော်လည်း Create a presentable Website အဖြစ် Sway ကို အသုံးပြုကြပါတယ်။
Forms ကိုတော့ Create Form အဖြစ်သုံးပြီး Voting ပေးသည့်နေရာများ/လုပ်ငန်းအတွက် မေးခွန်းများမေးမြန်းပြီး ပိုမိုကောင်းမွန်သော ဆုံးဖြတ်ချက်များ ရယူသည့်အခါ အသုံးပြုပါတယ်။
လုပ်ငန်းများထိရောက်သေချာစွာ အချိန်နဲ့တပြေးညီ ပြီးမြောက်ဖို့အတွက် Office 365မှာ ပါဝင်သော ToDo နှင့် Planner ကို အသုံးပြုပါတယ်။
မိမိလုပ်ဆောင်ရမည့် အလုပ်များကို တိကျသေချာစွာ ရေးမှတ်ထားပြီး ဘယ်သူလုပ်ဆောင်ရမည်ကို တိကျသော တာဝန်ပေးနိုင်ပါတယ်။
Analyse လုပ်ငန်းသည် လုပ်ငန်းအတွက် အသက်တမျှအရေးကြီးပါတယ်။ဒီ့အတွက် Power BI ကို အသုံးပြုကြပါတယ်။
နောက်ဆုံးအနေဖြင့် Automation အတွက် Power Automate နဲ့ Power Apps ကိုလည်း Office 365 တွင် ထည့်သွင်းထားပါတယ်။
Trigger (ခလုတ်)ကို အသုံးပြုပြီး လုပ်ငန်း၏ ဘယ်နေရာကို ဘာလုပ်ချင်ပါသလဲဆိုတာ ခိုင်းစေတာတွေကို ပြုလုပ်နိုင်မှာဖြစ်ပါတယ်။Respone ကို အချိန်နဲ့တပြေးညီ လုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။

Comments

Popular posts from this blog

Azure Active Directory Plans and Pricing

Microsoft Azure and Microsoft 365 Different