What Licences Do you need? (O365 or M365)

Business or Enterprise
Essential Premium E1 E5 A1 F1
Enterprise Mobility and Security  စသည့်မြောက်များစွာသော ရွေးချယ်မှုတွေအတွက် မှန်ကန်သောရွေးချယ်မှုကို ပြုလုပ်နိုင်ဖို့လိုပါတယ်။
Office 365 (O365) သည် productivity Focus ဖြစ်ပါတယ်။ကျွန်တော်တို့အတွက် ရင်းနှီးကျွမ်းဝင်ပြီးသော services ဖြစ်သည့် Word/Excel/PowerPoint တို့ပါဝင်ပြီး Services အနေဖြင့် Exchange/SharePoint/Teams နှင့် OneDrive များပါဝင်ပါတယ်။
M365 တွင် Office 365 ၏ Features များအပြင်
ယနေ့ခေတ်အခါအရေးကြီးသော
Enterprise Mobility Services ပါဝင်ပါတယ်။ဒီအထဲတွင် Intune,Azure information Protection,Cloud Apps Security,Advanced Threat protection,Azure Active Directory Premium,Advanced Threat Analytics နှင့် Windows Server CAL ပါဝင်ပါတယ်။
ထို့အတွက်ကြောင့် Microsoft 365 (M365)ကို
All-Emcompassing product suite ဟုခေါ်ဆိုကြပါတယ်။Microsoft 365 ထဲတွင် Office 365+ Enterprise Mobility Services(EMS) အပြင် Windows 10 အတွက်ပါ လိုင်စင်ပါဝင်ပါတယ်။Windows 10 သည် Cloud Services တွင်အလုံးစုံမပါဝင်သော်လည်း One-Stop Licence အနေဖြင့်ပါဝင်ပါတယ်။ယနေ့လုပ်ငန်းများတွင် အသုံးအများဆုံးဖြစ်သည့် On-premises နှင့် Cloud Services (၂)မျိုးလုံးအတွက် ပါဝင်ပါတယ်။
Office 365 တွင်
Business နှင့် Enterprise အမည်များဖြင့် Licence များကို ရောင်းချပါတယ်။
Business အနေဖြင့် Business/Business Essential နှင့် Business Premium တို့ဖြစ်ပြီး သုံးစွဲနိုင်သည့် ဦးရေသည် ၃၀၀ အထိရရှိပါတယ်။
လူဦးရေ ၃၀၀ ကျော်လွန်သော လိုင်စင်ကို အသုံးပြုချင်ပါက Enterprise ကို သုံးစွဲရမည်ဖြစ်ပါတယ်။
Enterprise ၏ နာမည်ကိုတော့ E ဟုသုံးစွဲကာ
E 1/ E 3/ E 5 တို့ဖြစ်ပါတယ်။
E1 တွင် browser မှ အသုံးပြုနိုင်ပြီး mobile မှလည်း အသုံးပြုနိုင်ပါတယ်။
E 3 ကတော့ E1 ၏ လုပ်ဆောင်နိုင်မှုအားလုံးအပြင် Office ProPlus Services ပါဝင်လာပါတယ်။
E 5 တွင် E3 ၏လုပ်ဆောင်နိုင်မှုအပြင်Analysis toolsဖြစ်သော Power BI နှင့် security များပါဝင်လာပါတယ်။
A 1 ကတော့ A စာလုံး၏ အဓိပ္ပာယ်သည် Academic ဖြစ်ပါတယ်။A 1/ A3/ A 5 ဟူ၍ရှိပါတယ်။
F 1 ကတော့ First Line Worker ဖြစ်ပါတယ်။နည်းပညာရပ်များကို နေ့စဉ်အသုံးပြုနေသော်လည်း အသုံးပြုရန် လိုအပ်ချက်မှာ အနည်းအကျဉ်းသာ လိုအပ်သူများအတွက်ဖြစ်ပါတယ်။
A 1 နှင့် F 1 အတွက် ကုန်ကျမည့် ကုန်ကျစရိတ်သည် တခြားသောလိုင်စင်စျေးနှုန်းများထက် သက်သာပါတယ်။F 1 အတွက် အသုံးပြုပါက Browser မှသာ အသုံးပြုနိုင် Exchange ကဲ့သို့သော Services တွေ မပါဝင်ပါ။
Microsoft 356 အတွက်
Microsoft Business/ Microsoft 365 E3 / E 5 နှင့် F 1 တို့ရှိပါတယ်။
ဒီလောက်မြောက်များစွာသော လိုင်စင်ပုံစံတွေ ဘာကြောင့်လိုအပ်ပါသလဲဆိုတဲ့ မေးခွန်းရဲ့ အဖြေကတော့ Office အသုံးပြုများသည် တစ်ဦးနဲ့တစ်ဦး လိုအပ်ချက်တွေ မတူညီသောကြောင့် သုံးစွဲနေသူသန်းပေါင်းများစွာအတွက် မတူညီသော လိုင်စင်များကို Microsoft မှ စီစဉ်ပေးထားခြင်းဖြစ်ပါတယ်။
အချုပ်အားဖြင့်
၁/ Office Desktop အတွက် သီးသန့်သုံးစွဲနေသူများအတွက် Desktop only Licence ဝယ်ယူနိုင်ပါတယ်။
အများအခေါ်အရ Office 2019 တစ်မျိုးတည်းပါ။
၂/ Cloud Services များ/ Update များကို အမြဲရရှိနိုင်ဖို့/ Microsoft ၏ လစဉ်ထွက်ရှိသော Services များကို ရရှိနိုင်ဖို့နှင့် AI Features များကို အချိန်နှင့်တပြေးညီ ရရှိဖို့အတွက် Office 365 ကို အသုံးပြုဖို့လိုပါတယ်။တစ်ဦးချင်းအတွက် Office 365 Personal ကို အသုံးပြုနိုင်ပြီး
5 PCs/ 5 Tablets နှင့် 5 Mobile Devices များအတွက် လိုင်စင်လိုချင်ပါက
Office 365 လိုင်စင်အမျိုးအစားတွေအတွက် Office 356 Home /Office 365  ProPlus/ A 1/ A3/ A5/ Business / Business Premium/ Business Essential/ E1/ E3/ E5 နှင့် F 1 စသည့်တို့ကို မိမိလုပ်ငန်းအတွက် သင့်လျော်သည့် အမျိုးအစားကို မှန်ကန်စွာ ဝယ်ယူဖို့လိုပါတယ်။
3/ Office 365 + Windows 10 + EMS သုံးမျိုးစလုံးအတွက် လိုအပ်ပါက Microsoft 365 ကို ရွေးချယ်ရမှာဖြစ်ပါတယ်။
ဘယ်လိုင်စင်ကို ဝယ်ဖို့လိုမလဲဆိုတာကတော့ မိမိတို့ တစ်ဦးချင်းလိုအပ်ချက်/အဖွဲ့အစည်းတစ်ခုချင်း၏လိုအပ်ချက်အပေါ်မူတည်ပါတယ်။
နည်းပညာဆိုသည်မှာ မိမိတို့၏ လုပ်ဆောင်ချက်များကို ပိုမိုထိရောက်စွာ အသုံးချနိုင်ဖို့အတွက်
အသုံးပြုရမည့်အရာဖြစ်ပြီး
ဆန်းသစ်သော အရာတွေပိုမိုလုပ်ဆောင်နိုင်ရန်အတွက် အားဖြည့်ပေးသောအရာဖြစ်ပါတယ်။


Comments

Popular posts from this blog

Azure Active Directory Plans and Pricing

Microsoft Azure and Microsoft 365 Different