ဘယ်လိုရွေးချယ်မလဲ Office 365 နဲ့Microsoft 365

ဘယ်လိုရွေးချယ်မလဲ Office 365 နဲ့Microsoft 365
*************************************************
Microsoft ၏ထုတ်ကုန်များတွင် Office 365 နဲ့ Microsoft 365 ဟုခေါ်သော ထုတ်ကုန်(၂)ခုလည်းပါဝင်ပါတယ်။ဘာတွေကွာသလဲဆိုတာသိဖို့လိုပါတယ်။
ဒီကြားထဲ လိုင်စင်ရွေးချယ်ရာတွင် Business/ Enterprise တွေရှိပြီး ဒီနှစ်ခုထဲမှ Essentials/Premium/E1/E5/A1 နှင့် F1 စသည့် ရွေးချယ်စရာများရှိပါတယ်။
Security အနေနဲ့ EMS လို့ခေါ်သော Enterprise Mobility +Security အတွက်လည်း ရွေးချယ်စရာရှိပါတယ်။ဒီဆောင်းပါးလေးကတော့ ဒါတွေကို သိရှိနိုင်ဖို့ လေ့လာနိုင်ပါတယ်။
ပထမဦးဆုံး Office 365 သည် Productivity Focused ဖြစ်ပြီး သူ့ထဲတွင် Apps ဟုခေါ်သော Outlook/word/Excel/PowerPoint/Access/Publisher နှင့်OneNote တို့ပါဝင်ပြီး
Services အနေဖြင့် Exchange/OneDrive/SharePoint/Teams/Yammer/Power BI/ Stream/Planner/Sway နှင့် Forms တို့ပါဝင်ပါတယ်။

Enterprise Mobility + Security တွင် Intune(EndPoint Manager)/ Azure Information Protection/ Cloud App Security/ Advanced Threat Protection/ Advanced Threat Analytics/Azure Directory နှင့် Windows Server CAL တို့ပါဝင်ပါတယ်။

Microsoft 365 ဆိုတာကတော့ all-encompassing product suite ဖြစ်ပါတယ်။အထက်ဖော်ပြပါ Office 365 / Enterprise Mobility+ Security နှင့် Windows 10 အတွက်ပါဝင်နေပါတယ်။ဒီနေရာစဉ်းစားစရာရှိတာက Windows 10 က Desktop O/S ဖြစ်ပြီး Cloud ထဲမှာ ပါဝင်နေတာလဲ။ဘာကြောင့်လဲဆိုတာက One-stop licence တစ်ခုဖြစ်အောင် ပြင်ဆင်ထားခြင်းကြောင့်ဖြစ်ပါတယ်။အသုံးပြုသူ Users များအနေဖြင့် အကုန်လုံးကို လိုင်စင်ဖြင့်အသုံးပြုနိုင်အောင် စီစဉ်ထားခြင်းကြောင့်ဖြစ်ပါတယ်။

နောက်လေ့လာစရာတွေက လိုင်စင်ကိစ္စတွေပါ။
Office 365 တွင် အဓိက Business နဲ့ Enterprise လိုင်စင်တွေရှိပါတယ်။
Business တွင် 0365 Business/ O365 Business Premium/ O365 Business Essentials တို့ဖြစ်ပါတယ်။
Enterprise အနေဖြင့် E1 /E3/E 5 တို့ဖြစ်ပါတယ်။
ကွာခြားချက်အနေဖြင့် အကြမ်းဖျဉ်းအားဖြင့် E1 နှင့် Business Esstentials တွင် အထက်ပါရှင်းပြထားသောO365 ၏Service အပိုင်းပဲပါဝင်မှာဖြစ်ပါတယ်။Apps တွေမပါဝင်ပါဘူး။
E3 နှင့် Business Premium တွင် အထက်ပါရှင်းပြထားသော O365 ၏ Apps နှင့် Services နှစ်ခုလုံးပါဝင်ပါတယ်။
E 5 တွင် Apps နှင့် Services အပြင် Security အပိုင်းဖြစ်သော EMS အပိုင်းတွေပါဝင်ပါတယ်။
O365 Business နှင့် ProPlus တွင် အထက်ပါရှင်းပြထားသော O365 ၏ Apps နှင့် OneDrive အပိုင်းသာပါဝင်ပြီး Services အပိုင်းမပါဝင်ပါ။

အဓိက မှတ်သားရမည့်အချက်သည် Users 300 ကိုလိုင်စင်ပေးမည့် အဖွဲ့အစည်းများအနေဖြင့် Business Plan ကိုရွေးချယ်နိုင်ပြီး Users 300 အထက်ရှိသော အဖွဲ့အစည်းများအနေဖြင့် မဖြစ်မနေ Enterprise Plan ကိုရွေးချယ်ရမှာဖြစ်ပါတယ်။
Enterprise Plan သည် Users အကန့်အသတ်မရှိ လိုင်စင်ဖြင့် သုံးစွဲနိုင်ပါတယ်။

Microsoft 365 ၏ လိုင်စင်တွင် M365 Business/ M356 E 3 နှင့် M365 E 5တို့ပါဝင်ပါတယ်။
အထူးသတိထားရမည့်အချက်သည် M365 Business နဲ့ O365 Business လုံးဝမတူပါဘူး။

A ဟုခေါ်သော လိုင်စင်သည် academic ကိုဆိုလိုတာဖြစ်ပြီး A 1/ A 3 နှင့် A 5 တို့ဖြစ်ပါတယ်။ပုံမှန်ထက် ပညာရေးအတွက် အသုံးပြုသည့်အတွက် လိုင်စင်စျေးနှုန်းမှာလည်း အတော်လေးသက်သာပါတယ်။ပညာရေးပတ်သက်သော Features များကို ထည့်ပေးထားပါတယ်။

F ဟုခေါ်သောလိုင်စင်သည် တစ်မျိုးတည်းရှိပြီး F သည် First Line Worker ကိုဆိုလိုပါတယ်။ဒီလိုင်စင်သည် အလုပ်ထဲတွင် လွယ်ကူထိရောက်စွာ ဆက်သွယ်နိုင်ရန်သာဖြစ်ပါတယ်။ဒီ့အတွက် အသုံးပြုသူများသည် ပုံမှန် Computer ရှေ့ထိုင်သုံးသူများကို မရည်ရွယ်ထားပါ။ဒီ့အတွက်ကြောင့် Desktop Application များမပါဝင်ပဲ Web Apps များသာအသုံးပြုနိုင်ပါတယ်။Mobile ဖုန်းပေါ်နေ အလွယ်တကူအသုံးပြုပြီး Teams Meeting များကိုတက်ရောက်ခြင်း Mail Box ကိုလည်း 2 GB အထိသာ အသုံးပြုနိုင်မှာဖြစ်ပါတယ်။
E 1 လိုင်စင်စျေးနှုန်းထက် တဝက်ထိ သက်သာပါတယ်။
ထူးခြားချက်
************
၂၀၂၀ ခုနှစ် April (၁)ရက်နေ့တွင် Microsoft အနေဖြင့် Office 365 ၏ လိုင်စင်နာမည်အချို့ကို ပြောင်းလဲခေါ်ဝေါ်စေခဲ့ပါတယ်။

၁/ Office 365 Business ကို Microsoft 365 Apps for Business
၂/ Office 365 Business Esstentials ကို Microsoft 365 Business Basic
၃/ Office 365 Business Premium ကို Microsoft 365 Basic Standard
၄/ Microsoft 365 Basic ကို Microsoft 365 Basic Premium
၅/ April (၂၁)ရက်နေ့တွင် Office 365 ProPlus ကို Microsoft 365 Apps for Enterprise

Comments

Popular posts from this blog

Azure Active Directory Plans and Pricing

Microsoft Azure and Microsoft 365 Different