One Drive One Place (ODFB)

One Drive One Place (ODFB)
*******************************
OneDrive နဲ့ပတ်သက်ပြီး ပထမပိုင်းကို ရေးသားခဲ့ပါတယ်။
ဒီတစ်ကြိမ်ကတော့ OneDrive for Business (ODFB) နဲ့ OneDrive ကွဲပြားသည့်အချက်တွေနဲ့ အတူ O365 နဲ့ M365 အသုံးပြုမည့် User များအတွက် ဆက်လက်ရေးသားမှာဖြစ်ပါတယ်။
OneDrive နှင့် OneDrive for Business ကွဲပြားချက်များ
*****************************************************
OneDrive
(i) OneDrive သည် Microsoft Account များဖြစ်သည့် hotmail.com,live.com,outlook.com နှင့် တခြား email တစ်ခုခုဖြင့် Microsoft Account နှင့်ချိတ်ဆက်ထားသော Account တစ်ခုခုဖြင့် အသုံးပြုနိုင်ပါတယ်။
Free အသုံးပြုနိုင်ပါတယ်။
(ii) Data သိမ်းဆည်းမှုအတွက် 5GB ရရှိပါတယ်။
(iii) OneDrive is associated with your Microsoft Account.
(iv) Data အသုံးပြုမှုပိုမိုလိုအပ်ပါက
OneDrive.com မှဖြစ်စေ/ Office Home Premium မှဖြစ်စေ 6 TB အထိ ထပ်တိုးဝယ်ယူသုံးစွဲနိုင်ပါတယ်။
(v) OneDrive အသုံးပြုသူများသည် တစ်ဦးချင်းအတွက်ဖြစ်ပြီး Personal files များကို သိမ်းဆည်းကြပါတယ်။
OneDrive for Business
(i) OneDrive for Business သည် Office 365 အသုံးပြုသော User များအတွက် သီးသန့်ဖြစ်ပါတယ်။အသုံးပြုသူအနေဖြင့် O365 plan ကိုဝယ်ယူမှသာ အသုံးပြုနိုင်ပါတယ်။
(ii) O365 တွင်ပါဝင်သော SharePoint libraries ကိုလည်း Sync လုပ်လို့ရပါတယ်။
ODFB နှင့် SharePoint တို့သည် Business Files များအတွက် အဓိက သိမ်းဆည်းသောနေရာဖြစ်ပြီး
ODFB တွင် တစ်ဦးချင်းအတွက် Files များသိမ်းဆည်းပြီး SharePoint တွင် Group Storage အတွက် Business Files များသိမ်းဆည်းပါတယ်။
(iii) User တစ်ဦးချင်းအတွက် သိမ်းဆည်းနိုင်သည့် ပမာဏသည် 1 TB အထိရရှိပြီးလိုအပ်ပါက ထပ်မံဝယ်ယူနိုင်ပါတယ်။
OneDrive is not associated with your Microsoft Account.
OneDrive is associated with your Office 365.
(iv) မိမိ၏ အဖွဲ့အစည်းအတွင်းရှိသော Server များနှင့်ချိတ်ဆက်ကာ ODFB ကို အသုံးပြုနိုင်ပါတယ်။လုပ်ငန်းအတွင်းမှာရှိသော Mail များချိတ်ဆက်နိုင်ပါတယ်။
သိထားသင့်သောအချက်များ
****************************
Version History
မိမိ Share ထားသော File အတွက် History ကို ပြန်လည်ကြည့်နိုင်ပြီး Manage လုပ်နိုင်ပါတယ်။
File Share Externally
မိမိ Share ချင်သော File Size 15 GB အထိ Share နိုင်ပြီး Share မည့် Permissions သတ်မှတ်ထားနိုင်ပါတယ်။
Co-Authoring
live edit ကို OneDrive ထဲမှ တပြိုက်နက်လုပ်ဆောင်တာဖြစ်ပါတယ်။OneDrive ထဲမှ File တစ်ခုကို Share ထားပြီး မိမိ Share ထားသော File ကိုဖွင့်ကာ Edit in Browser မှ တစ်ဆင့် Online ကို အသုံးပြုပြီး အတူတကွ Edit ပြုလုပ်နိုင်ပါတယ်။
Recycle Bin
Recycle Bin ထဲမှာ ရက်ပေါင်း (၉၀)ရှိသော Data ကို ပြန်လည်ရယူနိုင်ပါတယ်။
O365 Admin User Manage
O356 Admin Right ရရှိထားသော User သည်
တခြား User တစ်ဦးချင်း၏OneDrive ကို Manage ပြုလုပ်နိုင်ပါတယ်။ Storage Used / Sharing စသည့် Management များပြုလုပ်နိုင်ပါတယ်။
admin အနေဖြင့် User ၏
Sharing အတွက် သတ်မှတ်ချက်များ/ Sync အတွက် ဘယ် File Type တွေကို Sync ပြုလုပ်ခွင့် ပေး/မပေးသတ်မှတ်ခြင်း/ Device access နေရာတွင် Network အတွက် Specific IP Address သတ်မှတ်ခြင်းနှင့် Mobile Application Management များကိုလည်း ပြုလုပ်နိုင်ပါတယ်။
Compliance နေရာတွင် Auditing/ Data loss Prevention (DLP) / Retention / eDiscivery နှင့် Alerts စသည့် Feature များ ပါဝင်ပါတယ်။
ထို့အပြင် Notification နှင့် Data Migration တို့လည်းပါဝင်ပါတယ်။
ယနေ့ခေတ်ကာလအတွက် Security ပိုင်းဆိုင်ရာများနှင့် Data သိမ်းဆည်းမှုအတွက် Managemet ပိုင်းဆိုင်ရာများကို Microsoft အနေနဲ့ ပိုမိုကောင်းမွန်အောင် ပြင်ဆင်လျက်ရှိပါတယ်။

Comments

Popular posts from this blog

Azure Active Directory Plans and Pricing

Microsoft Azure and Microsoft 365 Different