OneDrive One Place

OneDrive One Place
*********************
မိမိရဲ့ O/S , Apps နှင့် Data များကို သိမ်းဆည်းဖို့အတွက် နေရာလိုအပ်ပါတယ်။ပုံမှန် Computer အသုံးပြုသူများအနေဖြင့် Harddisk Drive (HDD)မှာသိမ်းဆည်းပါတယ်။
HDD ထဲမှာ C လို့ အများခေါ်သော C partition တွင် Windows ရှိသောကြောင့် မိမိရဲ့ Data တွေကို C မဟုတ်သော အခြားအပိုင်းများတွင် သိမ်းဆည်းဖို့လိုပါတယ်။
လူအများအနေဖြင့် Desktop တွင် သိမ်းဆည်းခြင်းနှင့် My Document တွင် သိမ်းဆည်းခြင်းတို့ပြုလုပ်တတ်ပါတယ်။ဒီသုံးစွဲမှုသည် အင်မတန်အန္တရာယ်များလှပါတယ်။
Virus သည် မိမိ Computer System ထဲဝင်ရောက်ပါက အများဆုံး တိုက်ခိုက်မှု ပြုလုပ်သည့်နေရာသည် Windows ရှိသော အပိုင်းကို ပြုလုပ်ပါတယ်။
ဒါကြောင့် အသုံးပြုသူများအနေဖြင့် Windows ရှိသော အပိုင်းမှ လွဲပြီး ကျန်အပိုင်းတွင် Data များ သိမ်းဆည်းဖို့လိုပါတယ်။
ယနေ့ခေတ်အခါတွင် အကြီးမားဆုံး ရင်ဆိုင်ရမည့် ပြဿနာသည် မိမိ Data များကို အများဆုံး သိမ်းဆည်းနိုင်ဖို့နှင့် လုံခြုံမှုရှိဖို့ လိုအပ်ပါတယ်။
နောက်တစ်ချက်ကတော့ Data များကို လိုအပ်သော သူများထံသို့ Share များပြုလုပ်ရသည့် အလုပ်သည် ယနေ့ခေတ် Computer သုံးစွဲနေသူများအတွက် မရှိမဖြစ် အလုပ်ဖြစ်ပါတယ်။
ဒီလို လုပ်အပ်ချက်တွေကို ဖြေရှင်းဖို့အတွက် Windows 10 သုံးစွဲနေသူများအနေဖြင့် File Explorer ထဲတွင် OneDrive Feature တပါတည်း ပါဝင်လာပါတယ်။
ထို့အတူ Office 356 နှင့် M365 Users များအတွက် လိုင်စင်ဖြင့် အသုံးပြုသူ User တစ်ဦးချင်းအတွက် OneDrive တစ်ခုစီပါဝင်လာပါတယ်။
OneDrive ကို အပိုင်း (၂)ပိုင်းအနေနဲ့ ကျွန်တော် ရေးသားပါ့မယ်။
Windows အသုံးပြုသူများအနေဖြင့် သိရှိရမည့်အပိုင်းနှင့် O356/M365 အသုံးပြုသူများ သိရှိရမည့် အပိုင်း တို့ဖြစ်ပါတယ်။
ယခုတင်ပြမည့် အပိုင်းသည် Windows အသုံးပြုသူများ သိရှိရမည့် အပိုင်းဖြစ်ပါတယ်။
1/ Windows ကို Microsoft မှ ထုတ်လုပ်သည်မှာ 1980 ဝန်းကျင်မှ စတင်ပြီး ယနေ့ 2020 တွင် Desktop O/S အနေဖြင့် Windows 10 ကို လူအများ အသုံးပြုကြပါတယ်။
Windows 10 တွင် User အသစ်ဖွင့်သည့်အခါ Microsoft Account အနေဖြင့် ဖွင့်မလား/ရိုးရိုး PC User အနေဖြင့် ဖွင့်မလာဆိုတာ ရွေးချယ်လို့ရပါတယ်။
ဒီလိုရွေးချယ်မှုပြုလုပ်နိုင်သည့်အတွက် Windows အသုံးပြုသူများကို Cloud နည်းပညာများကို အသုံးပြုနိုင်ဖို့အတွက်ဖြစ်ပါတယ်။
ထို့အတူ User တစ်ဦးချင်းအတွက် Data သိမ်းဆည်းသည့်နေရာတွင် မိမိ၏ HDD တွင် သိမ်းဆည်းနိုင်သလ်ို OneDrive တွင်လည်း သိမ်းဆည်းနိုင်ပါတယ်။
OneDrive အသုံးပြုမည့်သူများအတွက် Account ရှိဖို့လိုပါတယ်။မရှိရင်လည်း အသစ်တည်ဆောက်ယူနိုင်ပါတယ်။
Account ဖွင့်ဖို့အတွက် ငွေကြေးပေးချေမှုပြုလုပ်ရန်မလိုပါ။
2/ Data များကို မိမိ၏ HDD တွင် သိမ်းဆည်းနိုင်သကဲ့သို့ OneDrive တွင်လည်း တပြိုင်နက်သိမ်းဆည်းနိုင်ပါတယ်။ Sync လုပ်သည်ဟုခေါ်ဆိုပါတယ်။
Data များ သိမ်းဆည်းသည့်အခါ မိမိ၏ Data များကို OneDrive မှာသာ သိမ်းဆည်းသည့်ပုံစံ/OneDrive နှင့် HDD နေရာ (၂)ခုလုံးတွင် တပြိုင်နက် သိမ်းဆည်းသည့်ပုံစံများကို မိမိကြိုက်နှစ်သက်ရာ ​ရွေးချယ်နိုင်ပါတယ်။
အရောင် သင်္ကေတ လေးတွေရှိပါတယ်။
Cloud ပုံစံတစ်ခုတည်းရှိပါက Data များကို
Internet ရှိမှသာ အသုံးပြုနိုင်မည်ဖြစ်ပါတယ်။
Online Only File ဖြစ်ပါတယ်။မိမိ၏ HDD နေရာတွင် မသိမ်းဆည်းထားသောကြောင့် Free up Space ဖြစ်ပါတယ်။
အစိမ်းရောင် အဝိုင်းလေးထဲတွင် အမှန်ခြစ်လေးရှိပြီး အဖြူရောင်ပြနေပါက Locally available File ဟုခေါ်ပြီး Cloud မှာရှိသော File ကို Download ဆွဲပြီးပြနေသော ပုံစံဖြစ်ပါတယ်။Internet မလိုပဲဖွင့်နိုင်ပါတယ်။
နောက်ဆုံးအနေဖြင့် အစိမ်းရောင် အဝိုင်းအပြည့်ရှိသော ပုံသည် Always keep on this Device ဖြစ်နေသောကြောင့်ဖြစ်ပါတယ်။
Windows Key+E > OneDrive > Right Click
3/ OneDrive ကနေ Share လိုက်ပါပြီလို့ ယနေ့ခေတ်တွင် လူသုံးများလှပါတယ်။
Sharing ဆိုသော လုပ်ငန်းစဉ်ကို နေ့စဉ်နှင့်အမျှ လုပ်ကြရပါတယ်။
Photo တွေ Video တွေ စသည့် လုပ်ရပ်များစွာလုပ်ရပါတယ်။
ဒီလို လုပ်ဆောင်ဖို့အတွက် OneDrive အနေဖြင့် ဘယ်သူကို Share မလဲဆိုတာ ရွေးချယ်လို့ရပါတယ်။
Anyone or Name အနေဖြင့်ရွေးချယ်နိုင်ပါတယ်။
မိမိ၏ Share Data များအတွက်လည်း လက်ခံရရှိသူဘက်မှ ဆက်လက်ပြီး Edit ပြုလုပ်ခွင့်ကို ထိန်းချုပ်နိုင်ပါတယ်။
Password ဖန်တီးပြီး Share ပြုလုပ်နိုင်ပါတယ်။
ဒီနေရာတွင် Copy Link ကိုသာ ရွေးချယ်ပြီး Share ပြုလုပ်နိုင်ပါတယ်။
Copy Link ကို Share ပြုလုပ်ပါက Security အနေဖြင့် ကောင်းမွန်ပါတယ်။
မိမိအနေဖြင့် Email လက်ခံသူအနေဖြင့် ဆက်လက်ပြီး Share ပြုလုပ်ခြင်းတို့ကို ကာကွယ်ကန့်သတ်နိုင်ပါတယ်။
OneDrive > file (or) Folder > Right Click > Share
O365 နှင့် M365 အသုံးပြုသူများအနေဖြင့် OneDrive အတွက် သိထားရမည့်အချက်များကို ဒုတိယအပိုင်းအဖြစ်ဆက်လက်ရေးသားပါ့မယ်။

Comments

Popular posts from this blog

Azure Active Directory Plans and Pricing

Microsoft Azure and Microsoft 365 Different