Microsoft Azure and Microsoft 365 Different


 ယနေ့ခေတ်ကာလတွင် ကမ္ဘာ့နည်းပညာ Company ကြီးတစ်ခုဖြစ်သော Microsoft နည်းပညာရပ်များကို လေ့လာချင်သူ/အသုံးပြုချင်သူများအနေဖြင့်

Microsoft Azure နှင့် Microsoft 365 ကို
အတော်လေးရင်းနှီးကြပါတယ်။
တူညီသော အချက်များ
*********************
သူတို့နှစ်ခုလုံးသည် Cloud-based Services ဖြစ်ပါတယ်။ထူးခြားချက်အနေနဲ့ Microsoft 365 အသုံးပြုသူ Users များ၏အချက်အလက်များကို Azure Active Directory (Azure AD)တွင် သိမ်းထားခြင်းကြောင့် Microsoft 365 အသုံးပြုသူများသည် Azure သို့ဝင်ရောက်ရန် Link ရှိပါတယ်။
မတူညီသောအချက်များ
**********************
Microsoft Azure သည် Cloud Services များဖြစ်သည့် (Iaas) နှင့် (PaaS) ဖြစ်ပြီး
Microsoft 365 သည် (Saas) ဖြစ်ပါတယ်။
ဒီအတွက်ကြောင့် Microsoft Modern Workplace ဖြစ်သော လုပ်ငန်းများ၏
Office Suite,Teams,SharePoint,OneDrive နှင့် Exchange Online တို့ကို Microsoft 365 တွင်
အသုံးပြုနိုင်ပါတယ်။
တခြားတစ်ဘက်တွင် Compute,Networking,Storage ,Data Services and App Services များကို Microsoft Azure တွင်
အသုံးပြုနိုင်ပါတယ်။
လုပ်ငန်းများအနေဖြင့် မိမိတို့၏ Infrastructure ပိုင်းများဖြစ်သော Server များ/Networking များနှင့် Storage ပိုင်းဆိုင်ရာများကို Cloud ပိုင်းဆိုင်ရာများသို့
ပြောင်းရွေ့ခြင်းအတွက် Microsoft Azure ကို
အသုံးပြုရမှာဖြစ်ပါတယ်။
ထို့အတူ မိမိတို့၏ ပုံမှန်လုပ်ကိုင်နေသော ရုံးပိုင်းဆိုင်ရာများကို အချိန်နှင့်တပြေးညီ ဖြစ်စေရန်နှင့်လုံခြုံစိတ်ချစေရန်အတွက် စာရိုက်ခြင်းမှစပြီးဆက်သွယ်ချိတ်ဆက်ခြင်းများအတွက် ထိရောက်မှုလုပ်ငန်းစဉ်များကို
Microsoft 365 ကို အသုံးပြုရမှာဖြစ်ပါတယ်။

Comments

Popular posts from this blog

Azure Active Directory Plans and Pricing