Prerequisite For Microsoft Technology

 Prerequisite ဆိုတဲ့ စကားလုံးသည် နည်းပညာကမ္ဘာတွင် အတော်လေး လူသိများလှပါတယ်။

ထို့အတူ စီးပွားရေးလောက/ပညာရေးလောက/လူမှုရေးလောကမှစပြီး နောက်ဆုံး နိုင်ငံရေးလောကအထိ အရေးပါသော စကားလုံးဖြစ်ပါတယ်။
ထိုနည်းတူစွာ Microsoft နည်းပညာရပ်များကို လေ့လာသူတိုင်းအတွက် မဖြစ်မနေသိထားရမည့် အချက်အလက်များကို ဖော်ပြရာတွင် Prerequisite တွင်ဖော်ပြလေ့ရှိပါတယ်။
ဒီနည်းပညာကိုလေ့လာဖို့/တတ်မြောက်ဖို့အတွက် ဘယ်အချက်တွေကြိုတင်သိထားရမလဲဆိုတာကို
ဖော်ပြခြင်းဖြစ်ပါတယ်။
Microsoft 365 တွင်ပါဝင်သော Microsoft Managed Desktop ကို အသုံးပြုလိုပါက
Prerequisites for Microsoft Managed Desktop ကိုအရင်လေ့လာဖို့လိုပါတယ်။
ဒီနေရာတွင်
၁/ လိုင်စင်အမျိုးအစားဘယ်လိုအသုံးပြုဖို့လိုမလဲ
၂/ Connectivity အတွက် ဘယ်အချက်တွေလိုအပ်ပါသလဲ
၃/ Azure Active Directory ကိုဘယ်လိုပြင်ဆင်ရမလဲ
၄/ Authentication အတွက် ပြင်ဆင်ထားရမည့်အချက်များ
စသည့် ကြိုတင်လုပ်ဆောင်ရမည့်/သိထားသင့်သောအချက်များကို Prerequisites တွင် ဖော်ပြထားပါတယ်။
မိတ်ဆွေတို့အနေဖြင့်လည်း မိမိတို့လုပ်ငန်းများတွင် နည်းပညာရပ်တစ်ခုခုကို အသုံးပြုလိုပါက
ဘယ်အချက်တွေ/ဘယ်ပညာရပ်တွေ/ဘယ် Devices တွေ ရှိဖို့လိုအပ်မလဲဆိုတာ အရင်ဆုံးပြင်ဆင်ဖို့လိုပါတယ်။
ကြိုတင်ပြင်ဆင်မှုလုပ်ဆောင်နိုင်ဖို့ Prerequisites ကို အရင်လေ့လာသင့်ကြောင်း ဖော်ပြအပ်ပါတယ်။

Comments

Popular posts from this blog

Azure Active Directory Plans and Pricing

Microsoft Azure and Microsoft 365 Different