Microsoft Cloud Adoption Framework


ယနေ့ခေတ်ကာလတွင် လုပ်ငန်းဆိုင်ရာအဖွဲ့အစည်းများနှင့်ပညာရေးဆိုင်ရာအဖွဲ့အစည်းများသည် မိမိတို့၏လုပ်ငန်းဆောင်ရွက်မှုများကို Cloud Technology ကို အသုံးပြုပြီး လည်ပတ်ရန်အတွက် ပြင်ဆင်နေကြပါတယ်။
Microsoft အနေဖြင့် ပုံမှန်ရုံးလုပ်ငန်းစဉ်များနှင့် ပညာရေးအဖွဲ့အစည်းများအတွက် Microsoft 365 နှင့် Microsoft Azure ဆိုပြီး Cloud Services များကို ဆောင်ရွက်ပေးလျက်ရှိပါတယ်။
Microsoft 365 သည် SaaS(Software as a Service )ဖြစ်ပြီး Microsoft Azure သည် IaaS(Infrastructure as a Service) နှင့် PaaS (Platform as a Service )ဖြစ်ပါတယ်။
Cloud Adoption ဆိုတာ Strategic တစ်ခုဖြစ်ပြီး မိမိအဖွဲ့အစည်းလုပ်ငန်းစဉ်များကို ပုံမှန်လုပ်နေကျပုံစံမှ Cloud ပေါ်သို့ရွေ့ပြီး Cloud Services များရယူကာ Cloud ၏ လွှမ်းမိုးမှုပုံစံသို့ ပြောင်းခြင်းဖြစ်ပါတယ်။
Cloud Adoption Framework သည် အဖွဲ့အစည်းများအနေဖြင့် a set of tools,best practices,guidelines နှင့် documentation တို့ပြုလုပ်နိုင်ရန်အတွက် ကူညီလုပ်ဆောင်ပေးသော ခရီးစဉ်တစ်ခုဖြစ်ပါတယ်။
1/ Strategy
Cloud Adoption လုပ်ဆောင်ဖို့အတွက် ပထမအဆင့်အနေဖြင့် Strategy အပိုင်းကို လုပ်ဆောင်ရပါတယ်။Strategy အနေဖြင့် Motivations အပိုင်းဖြင့်စတင်ရမှာဖြစ်ပြီး မိမိအဖွဲ့အစည်းအနေဖြင့် ဘာကြောင့် Cloud ကိုအသုံးပြုမလဲ/ဘာကြောင့် ရွေ့ရမလဲဆိုတာ သိဖို့အရေးကြီးပါတယ်။Motivation လုပ်ဆောင်ရာတွင် အပိုင်း(၂)ပိုင်းကို အဓိက လုပ်ဆောင်ဖို့လိုအပ်ပါတယ်။Migration နှင့် Innovation တို့ဖြစ်ပါတယ်။Migration အနေဖြင့် မိမိတို့ပုံမှန်သုံးနေကျအနေအထားမှ Cloud ကိုအသုံးပြုခြင်းကြောင့် Cost Saving/reduction in Complexity/Operation Optimization နှင့် increased business agility ပြောင်းလဲတိုးတက်လာမည်ဖြစ်ပါတယ်။Innovation အနေဖြင့် မိမိအဖွဲအစည်းအနေဖြင့် Global Scale/Customer experience improvements/Transformation of products or services နှင့် Market disruption အထက်ပါအချက်အလက်များကိုထည့်သွင်းစဉ်းစားရမည်ဖြစ်ပါတယ်။မိမိတို့အဖွဲအစည်းအနေဖြင့် Motivation ပြုလုပ်ရာတွင် အဖွဲ့အစည်းအဝေး၏ Revenue /Profit /cost / Global Access နှင့် New Markets အကြောင်းများကို တိုင်းတာတွက်ချက်ရပါမည်။အထက်ပါအချက်အလက်များသည် လုပ်ငန်းပေါ်မူတည်ပြီး သုံးသပ်နိုင်ပါတယ်။Business Justification အနေဖြင့် လုပ်ငန်း၏ ROI(Return of Investment )ကို တိုင်းတာရပါမည်။Microsoft Azure အနေဖြင့် Azure TCO(Total Cost of Ownership)calculator/ Azure Pricing Calculator နှင့် Azure Cost Management စသည့် Services များကို ပေးထားပါတယ်။Strategy အပိုင်းအနေဖြင့် တွက်ချက်မှုတွေ ပြုလုပ်ပြီးပါက ပထမဦးဆုံးအနေဖြင့် မဖြစ်မနေ First Project တစ်ခုကို စတင်ပြီး Run ဖို့လိုအပ်ပါတယ်။ဒါမှသာ တကယ်လက်တွေ့မှာတွေ့ကြုံရမည့် Business Criteria နှင့် Technical Criteria ကို သိရှိနိုင်မှာဖြစ်ပါတယ်။ထိုအပိုင်းလုပ်ဆောင်ဖို့အတွက် လက်ရှိသုံးနေသော အပိုင်းများမှ လုပ်ဆောင်မှုအနည်းဆုံးအပိုင်းမှ စတင်ရမှာဖြစ်ပြီး ဒီလုပ်ဆောင်မှုများကို ဆုံးဖြတ်ပေးနိုင်မည့်သူများပါဝင်ဖို့လိုအပ်ပါတယ်။
2/ Plan
ဒုတိယလုပ်ဆောင်မှုအနေဖြင့် Planning အပိုင်းကို ဆက်လုပ်လုပ်ဆောင်ရမည်ဖြစ်ပါတယ်။Plan အပိုင်းအနေဖြင့် Cloud မှ ရရှိနိုင်သော Services များကို အသုံးပြုပြီး မိမိအဖွဲ့အစည်းများအတွက် အသုံးတည့်မည့် Services များကို မှန်ကန်စွာရွေးချယ်မှုတွေ alignment လုပ်ပေးဖို့လိုပါတယ်။Retionalize your digital estate ဆိုသည့်သဘောတရားအတိုင်း မိမိအဖွဲ့အစည်းအသုံးပြုနေသော Services တွေကို ပြန်လည် ပြုပြင်ယူဖို့ Plan ချမှတ်ရပါတယ်။ထို့အတူ Plan အပိုင်းတွင် Skills Readiness Plan ကိုပါ တပါတည်းတည်ဆောက်ယူရမှာဖြစ်ပါတယ်။Plan အပိုင်းကို Actionable Plan အဖြစ်လုပ်ဆောင်ရမှာပါ။
3/ Ready
Ready အပိုင်းတွင် Cloud Guide များကို သေသေချာချာပြင်ဆင်ပြီး မိမိအဖွဲ့အစည်းအတွက် အသုံးပြုရမည့် Subscription ကို အသေအချာရွေးချယ်ခြင်းအတွက် Microsoft ၏ Guidelines များကိုရယူရမှာပါ။Azure အနေဖြင့် Azure Landing Zone နှင့်Extend Landing Zone တွေကိုရယူပြီး အကောင်းဆုံး Practices တွေကို ဖြတ်ကျော်ဖို့လိုပါတယ်။ပြင်ဆင်မှုအပိုင်းတွေအားလုံးကို ဒီအဆင့်မှာအပြီးပြင်ဆင်ရမှာဖြစ်ပါတယ်။
4/ Adopt
Adopt အပိုင်းတွင် Migration နှင့် Innovation (၂)ပိုင်းကိုလုပ်ဆောင်ရမှာပါ။
Migration ပြုလုပ်ရာတွင် Migration Scenarios တွေလေ့လာဖို့အလွန်အရေးကြီးပါတယ်။Virtual Machines /Apps/Data/ Others တွေကိုလေ့လာပြီးလုပ်ဆောင်ဖို့လိုပါတယ်။ဒီအပိုင်းတွင် များစွာသော Processing များပါဝင်ပါတယ်။အချိန်ကာလည်း အတော်လေးယူဖို့လိုအပ်ပါတယ်။
Innovation အပိုင်းတွင် Business Value Consensus ကို အဓိကထားဖို့လိုပါတယ်။Innovation Guides Tools များကိုလည်း လေ့လာဖို့လိုပါတယ်။
နောက်ဆုံးအနေဖြင့် Govern နှင့် Manage အပိုင်းများကို လုပ်ဆောင်ဖို့လိုပါတယ်။Govern အပိုင်းတွင် Business Needs/Agility နှင့် Control Risks ကိုဆောင်ရွက်ရမှာပါ။Comply /Control နှင့် Secure တို့ကိုလုပ်ဆောင်ရမှာပါ။
Manage အနေဖြင့် Stability နှင့် Costs အပိုင်းကို ချိန်ညှိပြီးဆောင်ရွက်ဖို့လိုပါတယ်။Manage အပိုင်းတွင် Operate နှင့် Optimize အပိုင်းများပါဝင်ပါတယ်။
အထက်ပါလုပ်ဆောင်ချက်ကိုဆောင်ရွက်ဖို့အတွက် Organize အနေဖြင့် Roles and Responsibility အလွန်အရေးကြီးပါတယ်။

Comments

Popular posts from this blog

Azure Active Directory Plans and Pricing

Microsoft Azure and Microsoft 365 Different