Microsoft's 2022 Work Trend Index


ဒီလို Index ဖြစ်ပေါ်လာဖို့အတွက် နိုင်ငံပေါင်း (၃၁)နိုင်ငံ ရှိ လူဦးရေ (၃၁၀၀၀) ကျော်လေ့လာပြီး Microsoft 365 ၏ Products များကို အသုံးပြုခြင်းမှ ဖော်ပြနေသောအချက်အလက်များမှ ထုတ်ယူထားခြင်းဖြစ်ပါတယ်။


လက်ရှိပညာရေးအခြေအနေသည် လွန်ခဲ့သောနှစ်များမှ စတင်ပြီး ပြောင်းလဲလျက်ရှိပါတယ်။အထူးသဖြင့် လွန်ခဲ့သော (၂)နှစ်အတွင်းအတော်လေးပြောင်းလဲခဲ့ပါတယ်။ Covid ကာလအခြေအနေတစ်ခုကို တကမ္ဘာလုံးရင်ဆိုင်ဖြတ်ကျော်ခဲ့ရပါတယ်။


ပညာရေးစတင်ပြောင်းလဲမှုနဲ့အတူ စီးပွားရေးလုပ်ကိုင်သည့်ပုံစံလည်း အတော်လေးပြောင်းလဲလာပါသည်။

Work from Home ကို အဖွဲ့အစည်းတော်တော်များများ ပြောင်းလဲလုပ်ကိုင်လာကြပါတယ်။


-  5 Emerging Trends


1/ The " worth it" equation has changed 

အလုပ်လုပ်ကိုင်သူ 53% သည် လွန်ခဲ့သော ၂ နှစ်အတွင်း မိမိတို့၏ကျန်းမာရေးကို ဦးစားပေးနေရာတွင် ထားရှိလာကြပါတယ်။လွန်ခဲ့သောနှစ်အတွက် 18 % သောလူများသည် သူတို့ပုံမှန်လုပ်နေကြသောလုပ်ငန်းများမှ ထွက်ခွာကြပါတယ်။


2/ Managers feel caught between leadership and Employee expectations


လုပ်ငန်းကိုဦးဆောင်သူများနှင့် လုပ်ငန်းလုပ်ကိုင်နေသူများအကြား ထိန်းညှိမှုတွေလုပ်ဆောင်ရပါတယ်။၅၀ %သော အလုပ်လုပ်ကိုင်သူများသည် ပြောင်းလွယ်ပြင်လွယ်သောပုံစံကို လိုလားကြပြီး ဦးဆောင်သူအများစုကတော့ လုပ်ကိုင်သူများကိုအချိန်ပြည့် ရုံးတွင်းလုပ်ကိုင်ဖို့ဆန္ဒရှိကြပါတယ်။

80 % သောလုပ်ကိုင်သူများသည် သူတို့၏လုပ်ကိုင်ဆောင်ရွက်မှုစွမ်းရည်များတူညီမှုသော်လည်းကောင်း/ဒီထက်မြင့်မားသောစွမ်းဆောင်မှုကိုလည်းကောင်း အဝေးကပင်(Work from Home) လုပ်ဆောင်နိုင်မည်ဟု ပြောဆိုကြပါတယ်။54 % သောဦးဆောင်သူများသည် လုပ်ကိုင်မှုစွမ်းရည်များကျဆင်းမှုများကို ကြောက်ရွံ့စိုးရိမ်ကြသည်။

ဒီလို ကွာဟချက်ကိစ္စများအတွက် စွမ်းဆောင်ရည်မြင့်မားသော (Empowering Managers )များမှ ဦးဆောင်ပြီး အောင်မြင်စွာဖြတ်ကျော်နိုင်ခဲ့ပါတယ်။


3/ Office time must earn the commute time


51% ရှိသော အလုပ်လုပ်ကိုင်သူများသည် အိမ်မှ အလုပ်လုပ်ကိုင်မှုကို ကြိုက်နှစ်သက်ကြပြီး hybird model ဖြစ်လာကြပါတယ်။

38% သောအလုပ်လုပ်ကိုင်သူများအနေဖြင့် သူတို့၏အကြီးမားဆုံး စိန်ခေါ်မှုသည် သူတို့ရုံးသို့ ဘယ်အချိန်နဲ့ဘာလိုအခြေအနေမှာရုံးသို့လာရမလဲဆိုတဲ့ ကိစ္စဖြစ်နေပါတယ်။

28% သော ဦးဆောင်သူများအနေဖြင့် တိကျရှင်းလင်းသောအဖြေကိုပေးပြီး စီစဉ်နိုင်ခဲ့ပါတယ်။


4/ Flexible work doesn't have to mean always on

လွန်ခဲ့သောနှစ်များတွင်လအလုပ်လုပ်ကိုင်ပုံအတော်လေးပြောင်းလဲလာပါတယ်။

Weekly time တွင် 239% သည် Meeting တွင်ရှိနေရပါတယ်။

Microsoft Teams အသုံးပြုသူများအနေဖြင့် 32 % သည် Chat မှ စကားပြောဆိုပြီး လုပ်ကိုင်ကြပါတယ်။ပုံမှန်ရုံးတွင်းလုပ်ဆောင်မှုများထက် အလုပ်လုပ်ကိုင်သောအချိန်များပိုများလာပြီး လုပ်ဆောင်မှုစွမ်းရည်များတက်လာပါသည်။Outlook ကိုအသုံးပြုပြီး Formal အလုပ်များလုပ်ကြပြီး Teams ပေါ်မှ တွေ့ဆုံမှုများကြောင့် Taken together များဖြစ်လာပါတယ်။Flexible work များပိုမိုဖြစ်လာပါတယ်။


5/ Rebuilding social capital looks different in a hybird world


မိမိတို့ပုံမှန်လုပ်ကိုင်နေသောအစုအဖွဲ့မှ ပုံစံများကိုပြောင်းလဲပြင်ဆင်ပြီး လုပ်ကိုင်လာကြပါတယ်။Remote Workers များ၏ပြောင်းလဲလုပ်ကိုင်ရသောပုံစံများဖြစ်ပါတယ်။ရုံးအတွင်းတွေ့ဆုံလုပ်ကိုင်မှုမှရရှိသော Strong Relationship များရရှိမှုရှိသလို Remote အနေအထားဖြင့်လည်း စွန့်စားမှုများကိုလည်း ဖြတ်ကျော်ရမှာဖြစ်ပါတယ်။


အချုပ်အားဖြင့် လက်ရှိတကမ္ဘာလုံးတွင် စီးပွားရေး/ပညာရေး/လူမှုရေး/ကျန်းမာရေးအစရှိသော Sectors ပေါင်းစုံတွင် အပြောင်းအလဲများသည် ကြီးမားစွာဖြစ်ပေါ်နေပါတယ်။


ပညရေးအတွက် စာသင်ခန်းထဲရောက်မှ သင်ယူနိုင်သည့်ပုံစံမဟုတ်တော့ မိမိသင်ယူလိုစိတ်ရှိပါက အချိန်တိုင်း သင်ယူလေ့လာနိုင်ပါတယ်။


ထို့အတူ အလုပ်လုပ်နိုင်ဖို့ လုပ်ငန်းခွင်ရောက်မှ အလုပ်လုပ်နိုင်တာမဟုတ်တော့ပဲ မိမိလုပ်ကိုင်ချင်စိတ်ရှိသည့်အချိန်တိုင်း လုပ်ကိုင်နိုင်သည့်ပုံစံတွေပြောင်းလဲလျက်ရှိပါတယ်။


#စဉ်ဆက်မပြတ်လေ့လာကြပါစို့


#zntmvp

#ZNS

Comments

Popular posts from this blog

Azure Active Directory Plans and Pricing

Microsoft Azure and Microsoft 365 Different