Microsoft 365 Apps Admin Center



- Microsoft 365 အသုံးပြုသူများအတွက် Management များပြုလုပ်နိုင်သည့် portal တစ်ခုဖြစ်ပါတယ်။


- Microsoft 365 Apps Admin Center အသုံးပြုရန်အတွက် config.office.com မှ တစ်ဆင့် ဝင်ရောက်ရမှာဖြစ်ပြီး ထိုမှတဆင့် မိမိအသုံးပြုနေသော Global Administrator Account ဖြင့် Sign In ဝင်ရပါမည်။Global Admin အနေဖြင့်မဟုတ်ပဲ security Admin/ Office Apps Admin Role ဖြင့်ဝင်ရောက်နိုင်ပါတယ်။


- Home page အနေဖြင့် Office Policies နှင့် Device Configuration ဆိုပြီး နှစ်ပိုင်းရှိပါတယ်။


- Office Policies မှ Microsoft ၏အသစ်ထွက်ရှိသော Net Promoter Score (NPS)Survey insights ကဲ့သို့သော Features များကို Configuration လုပ်ယူနိုင်ပါတယ်။ Office Policies သည် Cloud-Based Policies Management ဖြစ်ပြီး မိမိအဖွဲ့အစည်းအတွင်းမှ Users များကို Policy များသတ်မှတ်နိုင်ပါတယ်။

- Microsoft 365 Apps for Enterprise (အရင်အခေါ်အဝေါ် Office 365 ProPlus)များ၏ Office Apps များကို အသုံးပြုသည့် Users များ၏ Device များကို ကန့်သတ်ခြင်းကိုလည်း ပြုလုပ်နိုင်ပါတယ်။ထိုသို့လုပ်ဆောင်မှုများကို Microsoft Endpoint Manager Admin Center မှ ပြုလုပ်နိုင်ပါတယ်။

- Device Configuration အနေဖြင့် Office Customization Tool ကိုအသုံးပြုပြီး အဖွဲ့အစည်းအတွင်းရှိ Users များ၏ Office Installation အပိုင်းများကို ထိန်းချုပ်နိုင်ပါတယ်။အသုံးပြုသူ၏ architecture အပိုင်းဖြစ်သည့် 32bits/64 bits ရွေးချယ်မှုအပိုင်း/ Languages ရွေးချယ်မှုအပိုင်း/ Automatically Check for updates အပိုင်း / Licensing and Activation အပိုင်းစသည့် Management အပိုင်းကိုပြုလုပ်နိုင်ပါတယ်။

Customization Tools မှစီမံမှုများကို Microsoft Endpoint Configuration Manager မှလည်း ဆောင်ရွက်နိုင်ပါတယ်။

Comments

Popular posts from this blog

Azure Active Directory Plans and Pricing

Microsoft Azure and Microsoft 365 Different