Office 2016/2019 နဲ့ Office 365/Microsoft 365


- အထက်ပါအကြောင်းအရာနှစ်ခု မတူညီကြောင်းကို ကျွန်တော့်အနေနဲ့ လွန်ခဲ့သောနှစ်များကလည်း ရေးသားခဲ့ပါတယ်။


- သို့သော် ယနေ့ အချိန်ကာလတွင်လည်း ဒီနှစ်ခု၏သဘောတရားကို မကွဲပြားပဲ တချို့အသုံးပြုသူများအနေနဲ့ Office 2016 ကိုနာမည်ပြောင်းထုတ်တဲ့သဘော/Version မတူညီပဲ အသစ်ထွက်ရှိသည့်သဘောထင်မှတ်နေကြပါတယ်။


- မြန်မာနိုင်ငံအနေဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံဖြစ်ပြီး Microsoft 365 ကို Academic Sector/Economic Sector/Government Sector တိုင်းတွင် အသုံးမပြုနိုင်သောအခြေအနေတွင် ဒီသဘောတရားနှစ်ခု ရောထွေးလျက်ရှိပါတယ်။


- Computer အခြေခံ သင်တန်းများတွင် မဖြစ်မနေသင်ကြားပေးနေသော  Subjects များတွင် Office 2016/2019 များကို သင်ကြားပေးလျက်ရှိပါတယ်။


- Microsoft Office သည် လွန်ခဲ့သောနှစ်ပေါင်း (၂၅)နှစ်လောက်ကတည်းက စတင်ပြီး အသုံးပြုခဲ့ကြပါတယ်။

1990 ဝန်းကျင်က ထွက်ရှိခဲ့သော Office 1.0 Version များကို တွေ့ရှိနိုင်ပါတယ်။

Word 1.1/Excel 1.1 နှင့် PowerPoint 2.0 စသည်တို့ ပါဝင်ပါတယ်။နောက်ပိုင်း Version များတွင် extended Applications များပါဝင်လာပါတယ်။


- Usage and Access အနေဖြင့် Office 2016 သည် Offline အသုံးပြုရတာဖြစ်ပြီး locally Installed ဖြစ်သည်။ဝယ်ယူရမည့်ပုံစံသည် buy once up-front and install ဖြစ်ပြီးလိုင်စင်ဖြင့်အသုံးပြုရန် ကြိုတင်ဝယ်ယူရမည်ဖြစ်ပြီး ကုန်ကျစရိတ်အနေနဲ့ တစ်ကြိမ်သာ ကုန်ကျမည်ဖြစ်ပါတယ်။

Office 365 သည် Online အသုံးပြုတာဖြစ်ပြီး Cloud base/ Subscription base ဖြစ်သည်။

လစဉ်ကြေး/နှစ်စဉ်ကြေးစနစ်ဖြင့် ဝယ်ယူအသုံးပြုရမှာဖြစ်ပါတယ်။Cloud bases ဖြစ်သည့်အတွက် Cloud Services များဖြစ်သည့် Outlook/OneDrive/SharePoint/Teams များပါဝင်လာပါတယ်။


- Automatic version updates သည် Office 365 တွင် ရရှိပြီး Office 2016/2019 တွင် မရနိုင်ပါ။

ဆိုလိုသည့်သဘောသည် Office 2016 ဝယ်ယူထားသူသည် Office 2019 ကို Update မလုပ်နိုင်ပါ။

Security Update တော့ရယူနိုင်ပါတယ်။


- Storage အနေနဲ့ Office 365 သည် 1 TB ကို OneDrive cloud Storage ရရှိမှာဖြစ်ပြီး Office 2016/2019 အနေဖြင့် Local machine တွင်သာသိမ်းနိုင်မည်ဖြစ်ပါတယ်။သိမ်းသည့်ပုံစံကွာခြားချက်ကြောင့် Office 365 အသုံးပြုသူများအနေဖြင့် Machine တစ်ခုတည်းကို သတ်မှတ်ထားရန်မလိုပဲ Internet Access ရသည့် မည်သည့်စက်အမျိုးအစားမဆို အသုံးပြုနိုင်ပါတယ်။


#zntmvp

#ZNS

Comments

Popular posts from this blog

Azure Active Directory Plans and Pricing

Microsoft Azure and Microsoft 365 Different