Azure Active Directory(Azure AD) အပိုင်း (၁)

 Microsoft Server လေ့လာထားသည့်သူတိုင်း 

AD ကို ရင်းနှီးကြပါတယ်။မိမိစက်တွင် 

Server O/S တင်ပြီးပါက တခြားစက်တွေ(Client တွေ) ကို Management မလုပ်နိုင်ပါဘူး။အနေအထားက Workgroup level ပဲရှိပါတယ်။Domain Level (တနည်းအားဖြင့် Sever အဆင့်) ရောက်ဖို့  AD (Active Directory) Install လုပ်ပေးရပါတယ်။


Active Directory ဆိုတာဘာလဲ

******************************

အလွယ်ကူဆုံးအနေနဲ့ Identity As a Service ဖြစ်ပါတယ်။အဓိက Identity နဲ့ Access Management အပိုင်းတွေကို လုပ်ဆောင်ပေးပါတယ်။


ကျွန်တော်တို့ မြို့တမြို့ကို ရောက်ရင် ဒီမြို့ရဲ့ ဘယ်နေရာမှာ ဘာဆိုင်တွေရှိလဲဆိုတာ သိဖို့ Directory ထဲမှာရှာကြပါတယ်။


Active Directory ဆိုတာလည်း ဒီ သဘောအတိုင်း Users တွေ Groups တွေရဲ့ အချက်အလက်တွေကို မှတ်သားထားတဲ့ Database နေရာပါ။


Azure Active Directory ကတော့ ပုံမှန်သုံးနေကြ Server တွေထဲက Active Directory တွေနဲ့ မတူညီတဲ့အချက်များစွာရှိပါတယ်။


ထူးခြားမှုတစ်ခုကတော့ ပုံမှန် Sever တွေမှာအသုံးပြုတဲ့ သီးသန့် Group တွေဖွဲ့တဲ့ Organization Unit (OU) တွေသည် Azure AD ပေါ်မှာ မရှိပါဘူး။


Flat Management အနေအထားဖြစ်သွားပါတယ်။ဒီနေ့ အချိန်မှာတော့ Microsoft အနေနဲ့ Azure Active Directory ကိုပိုမို ကောင်းမွန်စေရန် Microsofy Entra အမည်ဖြင့် ပိုမိုစုံလင်တဲ့ အချက်အလက်တွေ ထပ်ဖြည့်ထားပါတယ်။


#zntmvp


Comments

Popular posts from this blog

Azure Active Directory Plans and Pricing

Microsoft Azure and Microsoft 365 Different