Posts

အရှေ့တောင်အာရှပွဲမှာ မြန်မာနိုင်ငံအလံနဲ့အတူ

Image
aOS Southeast Asia ပွဲတွင် မြန်မာနိုင်ငံအလံနဲ့အတူ ပြောဖြစ်ခဲ့ပါတယ်။ နိုင်ငံတကာမှ Speakers 42 ယောက်နဲ့အတူ ပြောဖြစ်ခဲ့ပါတယ်။ ​အတော်လေးအတွေ့အကြုံရခဲ့သောပွဲဖြစ်ပါတယ်။ ဖိတ်ခေါ်ပေးခဲ့သော aOS Team နှင့် မြန်မာနိုင်ငံမှ တက်ရောက်ပေးခဲ့သော မိတ်ဆွေတစ်ဦးချင်းကို ကျေးဇူးအထူးတင်ပါတယ်။ ရှေ့ဆက်ပြီးလည်း မိမိနိုင်ငံအတွက် ဂုဏ်ယူရမည့် Event များကိုတတ်အားသရွေ့ပါဝင်သွားပါ့မယ်။ #ဘဝစာမျက်နှာတစ်ခုကျန်ခဲ့ပါပြီ #Alhamdulillah #Microsoft #MicrosoftMVP #AOS

Microsoft Azure and Microsoft 365 Different

Image
  ယနေ့ခေတ်ကာလတွင် ကမ္ဘာ့နည်းပညာ Company ကြီးတစ်ခုဖြစ်သော Microsoft နည်းပညာရပ်များကို လေ့လာချင်သူ/အသုံးပြုချင်သူများအနေဖြင့် Microsoft Azure နှင့် Microsoft 365 ကို အတော်လေးရင်းနှီးကြပါတယ်။ တူညီသော အချက်များ ********************* သူတို့နှစ်ခုလုံးသည် Cloud-based Services ဖြစ်ပါတယ်။ထူးခြားချက်အနေနဲ့ Microsoft 365 အသုံးပြုသူ Users များ၏အချက်အလက်များကို Azure Active Directory (Azure AD)တွင် သိမ်းထားခြင်းကြောင့် Microsoft 365 အသုံးပြုသူများသည် Azure သို့ဝင်ရောက်ရန် Link ရှိပါတယ်။ မတူညီသောအချက်များ ********************** Microsoft Azure သည် Cloud Services များဖြစ်သည့် (Iaas) နှင့် (PaaS) ဖြစ်ပြီး Microsoft 365 သည် (Saas) ဖြစ်ပါတယ်။ ဒီအတွက်ကြောင့် Microsoft Modern Workplace ဖြစ်သော လုပ်ငန်းများ၏ Office Suite,Teams,SharePoint,OneDrive နှင့် Exchange Online တို့ကို Microsoft 365 တွင် အသုံးပြုနိုင်ပါတယ်။ တခြားတစ်ဘက်တွင် Compute,Networking,Storage ,Data Services and App Services များကို Microsoft Azure တွင် အသုံးပြုနိုင်ပါတယ်။ လုပ်ငန်းများအနေဖြင့် မိမိတို့၏ Infrastructure ပိုင်းများဖြစ်သော Ser...

နေ့စဉ်လူဦးရေ 115 သန်းအသုံးပြုနေသော Microsoft Teams

Image
  Microsoft နည်းပညာရပ်များစိတ်ဝင်စားသည့်သူများအနေဖြင့် နေ့စဉ်/လစဉ်/နှစ်စဉ် အသစ်ထွက်ရှိသော Microsoft နည်းပညာရပ်များကို လေ့လာဖို့လိုပါတယ်။ သို့မှသာ အသစ်ထွက်ရှိသော နည်းပညာရပ်များသိရှိနိုင်မှာဖြစ်ပါတယ်။ # What's New in Microsoft 365 Video # Microsoft 365 Blog # Microsoft Learn စသည့် link တွေကနေ Microsoft Roadmap များကို လေ့လာနိုင်ပါတယ်။ Microsoft 365 Roadmap တွင် In Development / Rolling out နှင့် Launched အပိုင်း(၃)ပိုင်းခွဲထားပြီး ဖော်ပြထားပါတယ်။ In Development **************** ဒီအပိုင်းသည် Customers များလက်တွေ့အသုံးမပြုနိုင်သေးပဲ Microsoft မှ testing လုပ်သောအပိုင်းပါ။ Rolling Out *********** ဒီအပိုင်းကတော့ အသုံးပြုသူ Customers အားလုံးအသုံးပြုနိုင်သည့်အနေအထားမဟုတ်ပဲ တချို့ Customers များသာအသုံးနိုင်သော အပိုင်းပါ။ Launched *********** ဒီအပိုင်းကတော့ Customers အားလုံး အသုံးပြုနိုင်မည့် အသစ် နည်းပညာများကို ဖော်ပြသော အပိုင်းဖြစ်ပါတယ်။ #Microsoft #MicrosoftMVP #zntmvp 38 Swe Zin Thein, Thet Htun Aung and 36 others

Which tool (Outlook or Microsoft Teams)

Image
  Microsoft 365 အသုံးပြုသူ Users များအနေဖြင့် နေ့စဉ်နှင့်အမျှ များပြားလာပါတယ်။ ဒီအချိန်မှာ မိမိတို့လုပ်ငန်းအတွက် ဘယ်အချိန်မှာ/ဘယ် Tools ကို အသုံးပြုမလဲဆိုတာ သိပ်အရေးကြီးပါတယ်။ Outlook & Microsoft Teams **************************** တူညီသောအချက်အနေဖြင့် ဒီ Tools နှစ်ခုလုံးသည် Communications နှင့် Collaborations အတွက် အသုံးပြုပါတယ်။ Inner loop ဟုခေါ်သော မိမိအဖွဲ့အစည်းအတွင်းရှိမိတ်ဆွေများနှင့် ပြင်ပအဖွဲ့အစည်းဖြစ်သော်လည်း မိတ်ဖက်အဖွဲ့အစည်းများအတွက် Microsoft Teams ကို အသုံးပြုကြပါတယ်။ အဓိက Chat/Meet up (Voice or Video) နှင့် File Sharing အတွက် သုံးပါတယ်။ဒီနေရာတွင် Informal အတွက် အသုံးပြုပြီး Short Conversations အတွက် အဓိကထားပါတယ်။ Formal လို့ခေါ်ဆိုပြီး တိကျသော ဆက်သွယ်မှုတွေအတွက် Outlook ကို အသုံးပြုပါတယ်။Outlook ကိုအသုံးပြုပြီး Email များတည်ဆောက်ကာ လိုအပ်သည့် တရားဝင် Document များကို လုပ်ဆောင်ကြပါတယ်။ထို့အပြင် မိမိလုပ်ငန်းနှင့် ချိတ်ဆက်မည့် ပြင်ပအဖွဲ့အစည်းများကို စတင်မိတ်ဆက်ဖို့အတွက် Outlook မှ စတင်ပြီး မိတ်ဖက်အဖွဲ့အစည်းတွေဖြစ်လာမှသာ Microsoft Teams တွင် Teams နှင့် Channels များဖွ...

Synnex Myanmar Microsoft 365 Training

Image
  Microsoft Training နှင့် Microsoft Seminar များအတွက် အမြဲဆက်သွယ်ပြီး လက်တွဲလုပ်ကိုင်ပေးသော Synnex Myanmar မှ ညီမ Pika Chuu နှင့်အဖွဲ့သားအားလုံးကို ကျေးဇူးတင်ပါတယ်။ Microsoft Training တွေအတွက် Microsoft Partner တွေကို စတင်မိတ်ဆက်ပေးသော Microsoft Myanmar မှ Ko Thet Htun Aung ကိုလည်း ကျေးဇူးတင်ပါတယ်။ ​သင်တန်းတက်သူတွေ မိတ်ဆွေများကိုလည်း တန်ဖိုးထားလေးစားပါတယ်။ ရှေ့ဆက်ပြီးလည်း တတ်အားသရွေ့ အသိပညာတွေ/အတတ်ပညာတွေ ဆက်လက်မျှဝေခွင့်ရဖို့ အရှင်မြတ်ထံမှ ဆုမွန်တောင်းပါတယ်။ #Alhamdulillah #Microsoft #MicrosoftMVP #zntmvp

Thank you to Ko Thu Ya နှင့်Myanmar IT Hangout

Image
  Thank you to Ko Thu Ya  နှင့် Myanmar IT Hangout ************************************************** ဒီနေ့ခေတ် လူငယ်တွေ၏လှုပ်ရှားမှုများသည် အနာဂါတ်အတွက် အားတက်စရာတွေများစွာဖြစ်စေပါတယ်။ ကိုသူရနဲ့ Myanmar IT Hangout အဖွဲ့သားများသည် နည်းပညာကိုလေ့လာနေသောလူငယ်တွေဖြစ်ပြီး တခြားလူငယ်များအတွက် တက္ကသိုလ်များနှင့် သင်တန်းကျောင်းများတွင် မသင်ခဲ့ရသော ပညာရပ်များဖြစ်သည့် လက်တွေ့လုပ်ငန်းခွင်များတွင်ရင်ဆိုင်ရမည့်ပညာရပ်များကို မျှဝေပေးနိုင်ရန် စီစဉ်နေခြင်းဖြစ်ပါတယ်။ #အထူးသတိပြုစေချင်တာကတော့ ဒီလိုမျိုး အနာဂါတ်အတွက် ပြင်ဆင်နေသော လူငယ်တွေရှိသလို တွေဝေငေးမောပြီး/အကျိုးမရှိသောလုပ်ငန်းစဉ်များတွင် ဘဝရဲ့တန်ဖိုးရှိသော အချိန်တွေကို ကုန်ဆုံးနေသော လူငယ်တွေရှိပါတယ်။ #သေချာတာတစ်ခုကတော့အနာဂါတ်တွင်ရလာဒ်တွေမတူညီနိုင်ဘူးဆိုတာကိုသတိပြုစေချင်ပါတယ် ။ #zntmvp

တက်ရောက်သူတစ်ဦးချင်းကို ကျေးဇူးတင်ပါတယ် 🙏😍❤️

Image
  MUCM (Microsoft User Community Myanmar) အဖွဲ့၏ တတိယအကြိမ်ပြုသော Event ပွဲသို့တက်ရောက်သူတစ်ဦးချင်းကို MUCM Organizer Team မှ တန်ဖိုးထားပြီး ကျေးဇူးတင်ပါတယ်။ Online Event အနေဖြင့် ဒုတိယအကြိမ်ကျင်းပတာဖြစ်ပြီး ဒီပွဲ၏လိုအပ်ချက်များကို အဖွဲ့မှ ပြန်လည်သုံးသပ်ပြီး နောက်ပွဲများတွင် ပြင်ဆင်သွားမှာဖြစ်ပါတယ်။ #MUCM