Posts

Azure Active Directory (Azure AD) အပိုင်း (၂)

Image
Hardware သင်တန်းစတက်သည့်အခါ User ဘယ်မျိုးရှိလဲဆိုတာကို စတင်လေ့လာခဲ့ပါတယ်။ User (3)မျိုးကို လေ့လာခဲ့ရမှာ  (1)  Built-in User ( O/S တင်ပြီးတပါတည်းပါလာသော User ဖြစ်ပြီး ဖျက်လို့မရပါ) (2) Local User (စိတ်ကြိုက်ဖွဲ့တဲ့ User ဖြစ်ပြီး ဖျက်လို့ရပါတယ်။) (3) Domain User ( Server က ဖွဲ့ပေးတဲ့ User ဖြစ်ပြီး name@abc.com )တို့ဖြစ်ပါတယ်။ Server တွေမှာ သုံးတဲ့ Active Directory အနေနဲ့ Server က ဖွဲ့ပေးထားသော Domain User နဲ့ အသုံးပြုပြီး Server ကို အသုံးပြုရမှာဖြစ်ပါတယ်။ ဒီလိုအသုံးပြုနိုင်ဖို့ Identity ရဲ့Authetication နဲ့ Authorization ကို စစ်ဆေးသည့်နေရာမှာ Kerberos/ NTLM ကိုအသုံးပြုပါတယ်။ဒီ့အတွက်ကြောင့် on-premises apps မှာ Domain User မှသာ အသုံးပြုနိုင်ပါတယ်။ Azure AD မှာတော့ ADDS နဲ့မတူတော့ပါဘူး။Azure Potal ထဲသို့ မည်သည့် mail ဖြစ်ဖြစ် ဝင်ရောက်နိုင်ပါတယ်။ဆိုလ်ိုတာက gmail/outmail/hotmail နဲ့ Business mail (user@abc.com) စသည့် မည်သည့် Mail မဆို ဝင်ရောက်နိုင်ပါတယ်။ ဒီလိုဝင်ရောက်နိုင်ဖို့ Azure AD တွင် Identity Access ကို စစ်ဆေးတဲ့ AUTH နေရာမှာ Kerberos အစား SAML/Oauth/Open ID နဲ့ WS-Ferderatio...

M365 Education Training for AIS School (4.11.2022)

Image
  M365 Education Training for AIS School ******************************************* Thank you so much for all support. We try our best. #zntmvp #Alhamdulillah

Azure Active Directory(Azure AD) အပိုင်း (၁)

Image
 Microsoft Server လေ့လာထားသည့်သူတိုင်း  AD ကို ရင်းနှီးကြပါတယ်။မိမိစက်တွင်  Server O/S တင်ပြီးပါက တခြားစက်တွေ(Client တွေ) ကို Management မလုပ်နိုင်ပါဘူး။အနေအထားက Workgroup level ပဲရှိပါတယ်။Domain Level (တနည်းအားဖြင့် Sever အဆင့်) ရောက်ဖို့  AD (Active Directory) Install လုပ်ပေးရပါတယ်။ Active Directory ဆိုတာဘာလဲ ****************************** အလွယ်ကူဆုံးအနေနဲ့ Identity As a Service ဖြစ်ပါတယ်။အဓိက Identity နဲ့ Access Management အပိုင်းတွေကို လုပ်ဆောင်ပေးပါတယ်။ ကျွန်တော်တို့ မြို့တမြို့ကို ရောက်ရင် ဒီမြို့ရဲ့ ဘယ်နေရာမှာ ဘာဆိုင်တွေရှိလဲဆိုတာ သိဖို့ Directory ထဲမှာရှာကြပါတယ်။ Active Directory ဆိုတာလည်း ဒီ သဘောအတိုင်း Users တွေ Groups တွေရဲ့ အချက်အလက်တွေကို မှတ်သားထားတဲ့ Database နေရာပါ။ Azure Active Directory ကတော့ ပုံမှန်သုံးနေကြ Server တွေထဲက Active Directory တွေနဲ့ မတူညီတဲ့အချက်များစွာရှိပါတယ်။ ထူးခြားမှုတစ်ခုကတော့ ပုံမှန် Sever တွေမှာအသုံးပြုတဲ့ သီးသန့် Group တွေဖွဲ့တဲ့ Organization Unit (OU) တွေသည် Azure AD ပေါ်မှာ မရှိပါဘူး။ Flat Management အနေအထားဖြစ်သွားပါတယ်။ဒီနေ...

Microsoft Teams (Part 6)

Image
 Release Preferences M365 admin center > setting > org setting > Organization profile > release prefernces  Microsoft 365 အသုံးပြုသူများအနေနဲ့ Organization ၏ Admin မှ ရွေးချယ်ထားသော options ပေါ်မူတည်ပြီး အသုံးပြုသူ (Users) များသည် new features နှင့် Services Updates များကိုရရှိမှာဖြစ်ပါတယ်။ Release Preference တွင် ရွေးချယ်လို့ရတာ (၃)မျိုးရှိပါတယ်။ 1/ Standard release for everyone 2/ Targeted release for everyone 3/ Targeted release for select users Microsoft ၏ Worldwide Update ထုတ်ပြန်သည့်အခါ M365 အသုံးပြုနေသော မိမိအဖွဲ့အစည်းအတွင်းရှိ Users တိုင်းကို ရရှိစေချင်ရင် နံပါတ် (၁) ရွေးချယ်ပေးပါ။ Microsoft ၏ Update များကို မိမိအဖွဲ့အစည်းမှ အသုံးပြုသူ (Users)များအတွက် အစောဆုံးသိစေချင်လျှင် နံပါတ်(၂)ကိုရွေးပါ။ အစောဆုံး Update များကို မိမိအဖွဲ့အစည်းအဝေးရှိ မိမိသိစေချင်သော သူများကိုသာ ရွေးချယ်သိရှိချင်လျှင် နံပါတ် (၃) ကိုရွေးပါ။ အထူးမှတ်ချက်အနေဖြင့်  အခုလက်ရှိ ရွေးချယ်မှုတွေသည် Office apps တွေကို သက်ရောက်မှုမရှိပါ။office apps များအတွက် Office Installation options ကိုရွေး...

Updates in Microsoft Teams

Image
 Microsoft 365 အနေဖြင့် Frontline Workers များကို အထူးအလေးအနက်ထားပါတယ်။ Frontline workers are the backbone of your organization. Frontline Workers များအတွက် Products and Pricing များကိုလည်း သီးသန့်ထုတ်ထားပါတယ်။ Frontline worker များကို အဓိပ္ပာယ်ဖွင့်ဆိုမှုအနေဖြင့် Customers များ၏ ရှေ့တန်းမှ အများဆုံးထိတွေ့ပြီး Computer ရှေ့တွင်လည်း အမြဲတမ်းမထိုင်နေရသည့် အလုပ်အကိုင်မျိုးကိုဆိုလိုပါတယ်။ သူတို့အနေဖြင့် သတင်းအချက်အလက် (Informations) များကိုလည်း အချိန်နဲ့တပြေးညီသိဖို့လိုအပ်ပါတယ်။ Frontline worker License အနေဖြင့် - Microsoft 365 F 1 - Microsoft 365 F 3 - Office 365 F 3 စသည်တို့ရှိပါတယ်။ ခေါင်းစဉ်ပါ အကြောင်းအရာ Updates in Microsoft Teams အနေနဲ့  - out of the box - Create,submit,and review - Recurring and in the moment updates စသည့်အချက်များကိုလုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။ Updates app အသုံးပြုရန်အတွက် Microsoft Teams Apps ထဲမှာ Find an app ထဲတွင် updates ကိုရိုက်ထည့်ပြီး ပေါင်းထည့်နိုင်ပါတယ်။ Updates Apps ထဲမှ Create and manage templates ကို အသုံးပြုနိုင်ပါတယ်။ မိမိအဖွဲ့အစည်းအတွင်း လုပ...

Microsoft Teams (Part 5)

Image
 Microsoft Teams data တွေကိုဘယ်မှာသိမ်းပါသလဲ? ဒီမေးခွန်းအတွက် Where is my data? အချက်ကိုသိဖို့လိုပါတယ်။ Microsoft 365 admin center > setting > org setting  > organization profile > Data Location ထဲတွင် မိမိရဲ့ location ကိုကြည့်နိုင်ပါတယ်။ အဲဒီနေရာတွင် Exchange /SharePoint/Microsoft Teams တို့၏ Data at Rest ကိုကြည့်နိုင်ပါတယ်။ အသေးစိတ်ကိုတော့ Data Center Location တွင် နိုင်ငံအလိုက် Data Center တွေကို ကြည့်လို့ရပါတယ်။ Myanmar အတွက် Exchange Online/ OneDrive for Business/SharePoint Online/Microsoft Teams/Office Online & Mobile/EOP/Intune / planner စသည်တို့ကို Asia Pacific တွေသိမ်းဆည်းပြီး Sway / Yammer တို့ကို United States စသည့်အချက်အလက်များကို ကြည့်နိုင်ပါတယ်။ Microsoft Trust Center တွင် Security/ Privacy နှင့် Compliance အပိုင်းများကို လေ့လာနိုင်ပြီး Microsoft Product များဖြစ်သော Microsoft Azure/Microsoft 365/ Microsoft Dynamic 365/ Microsoft Power Platform တို့ကိုလည်း တစ်ခုချင်း လေ့လာနိုင်ပါတယ်။ #zntmvp

Microsoft Teams (Part 4)

Image
 Microsoft Teams admin roles အနေဖြင့်  - Teams Administrator - Teams Device Administrator - Teams Communicators Administrator - Teams Communication Support Engineer - Teams Communication Support Specialist စသည့် Admin အပိုင်းများရှိပါတယ်။Microsoft 365 User ကို Admin Role ပေးသည့်နေရာမှာ Admin တာဝန်တွေခွဲပေးလို့ရပါတယ်။ User > Manage Roles  ထဲကနေ ပေးရမှာဖြစ်ပါတယ်။ Teams Administrator ကတော့ အမြင့်ဆုံး Permission ဖြစ်ပြီး တခြား Admin Role တွေကတော့ Show all by Category ကိုနှိပ်မှ မြင်တွေ့ရမှာပါ။ Teams Communication Administrator အနေဖြင့် Telephone numbers,Voice and Meeting policies အတွက် သီးသန့် Manage လုပ်ရန်။ Teams Communication Support Engineer အနေဖြင့် call record အပိုင်းတွေကို Manage လုပ်ရန်။ Teams Communication issue အနေဖြင့် Call deatails တွေ အတွက် Troubleshoot Manage လုပ်ရန်။ Teams Device Administrator အနေဖြင့် Microsoft Teams Services တွေအတွက်အသုံးပြုသော Device တွေ Manage လုပ်ရန်။ Admin အပိုင်းကို တိကျစွာ တာဝန်ပေးရန်အတွက် Admin Roles တွေကို ပြင်ဆင်ထားပါတယ်။ #zntmvp