Posts

အသိအမှတ်ပြုသည့်မှတ်တမ်းများနှင့် Certified

Image
အသိအမှတ်ပြုသည့်မှတ်တမ်းများနှင့် Certified ******************************************* ဘဝမှာ ဖြတ်သန်းနေရသော အချိန်များတွင် အသိအမှတ်ပြုမှုနှင့်အတူ Certified ဖြစ်တယ်ဆိုတဲ့ အထောက်အထားတွေ ရဲ့တန်ဖိုးသည် အလွန်အရေးကြီးပါတယ်။ ကျွန်တော်တို့ ဘဝမှာ အချိန်တိုင်း လုပ်ရပ်များကို လုပ်ဆောင်နေရပါတယ်။ ဘာမှ မလုပ်ပဲ ထိုင်နေသူလည်း ဘာမှမလုပ်သောလုပ်ရပ်ကို လုပ်ဆောင်နေရပါတယ်။ ဒီလို အသိအမှတ်ပြုမှုတွေနဲ့ Certified ဖြစ်ကြောင်း အထောက်အထားတွေကို အလွန်တန်ဖိုးထားပါတယ်။ သက်ဆိုင်သူတစ်ဦးချင်းကိုလည်း ကျေးဇူးတင်ပါတယ်။ အဓိကအရေးအကြီးဆုံးဖြစ်တဲ့ ဘဝရဲ့ ကျန်သောအချိန်များကို လူသားအကျိုးပြုမည့် လုပ်ရပ်များစွာ ဆက်လက်လုပ်ဆောင်နိုင်သည့် စွမ်းအားရရှိပါစေလို့ ဆုမွန်တောင်းရင်း ရှေ့ဆက်လျက်ပါ။

Microsoft Friend Part (2)

Image
Microsoft  မှ မိတ်ဆွေများနှင့် တခဏတာ အပိုင်း(၂)     ၁၉၄၀ခန့်တွင် ကွန်ပျူတာ စတင်ပေါ်ပေါက်ခဲ့ပြီး (၃၅)နှစ်ကြာမှ စတင်ခဲ့သော Microsoft ကို ၁၉၇၅ ခုနှစ်တွင် စတင်ခဲ့ပါတယ် Microsoft ၏ Windows ဆိုတဲ့ Operating System Software ကို ကွန်ပျူတာ စတင်လေ့လာသူတိုင်း ရင်းနှီးပြီး ဖြစ်ကြပါတယ်။ စာရေးသူ တက်ရောက်ခဲ့သော Microsoft Asia Learning Partner Summit 2016 ကို Singapore နိုင်ငံတွင် ၂၀၁၆ခုနှစ်၊ အောက်တိုဘာလ (၂၅)ရက်နေ့နှင့် (၂၆)ရက်နေ့မှာ ပြုလုပ်ခဲ့ပါတယ်။ ထို့အတွက်ကြောင့် စာရေးသူအနေဖြင့ှ်Summit မတိုင်မီ တစ်ရက်ကြိုပြီးသွားရောက်ခဲ့ပါတယ်။     Singapore နိုင်ငံ၏ တိုးတက်မှုကို ကမ္ဘာအရပ်ရပ်မှ လက်ခံပြီးဖြစ်ပြီး ဘာကြောင့် တိုးတက်ကြသလဲဆိုတာကို စိတ်ဝင်စားသူ များလှပါတယ်။ သဘာဝသယံဇာတ အနည်းငယ်သာ ပိုင်ဆိုင်ပြီး သေးငယ်သောနိုင်ငံတစ်ခုဖြစ်သော်လည်း လူ့စွမ်းအားအရင်းအမြစ်ကို တန်ဖိုးထားသော ကြောင့် ယခုလို အောင်မြင်နေခြင်းဖြစ်ပါတယ်။     စာရေးသူတွေ့မြင်ခဲ့သော လူစီကားရာနေရာများဖြစ်သည့် ရထားစီးသောနေရာ၊ ကားစီးသော နေရာများတွင် လူအများအနေဖြင့် စာအုပ်များဖြစ်စေ၊ Electronic ပစ္စည်းများဖြ...

Microsoft Friend Part (1)

Image
Microsoft  မှ မိတ်ဆွေများနှင့် တစ်ခဏတာ အပိုင်း(၁)     Microsoft ဆိုတဲ့ နာမည်ကို နည်းပညာနယ်ပယ်တွင် လုပ်ကိုင်နေသူတိုင်း သိရှိရင်းနှီးပြီး ဖြစ်သလို နည်းပညာနယ်ပယ်နှင့် မပတ်သတ်သောသူများအနေဖြင့်လည်း ဒီနာမည်ကို ရင်းနှီး သည့်သူ များလှပါတယ်။ Microsoft ကို စတင်တည်ထောင်သူကြီးကိုလည်း သိရှိသူများလှပါ တယ်။ Bill Gates လို့ကြားလိုက်တာနဲ့ ချမ်းသာသော သူဌေးကြီးလို့ ပြေးမြင်သူများပါတယ်။ ကမ္ဘာပေါ်မှာ အချမ်းသာဆုံးသူဌေးကြီးလို့ သိရှိကြပါတယ်။     စာရေးသူ စာသင်သောအခါ တပည့်များကို မေးလေ့ရှိသော မေးခွန်းရှိပါတယ်။ ကွန်ပျူတာကို ဘယ်သူထွင်ခဲ့သလဲဆိုတာ သိသလားလို့။ စာသင်သားအများစု ဖြေဆိုကြသော အဖြေမှာ Bill Gates ပါဆရာလို့ဖြေကြပါတယ်။ Bill Gates ကို ကွန်ပျူတာ တီထွင်သူအဖြစ်လည်း မြင်တတ်ကြပါတယ်။ အမှန်တကယ်တော့ ကွန်ပျူတာ စပေါ်တုံးက Bill Gates က မမွေးဖွားသေးပါဘူး။     စာရေးသူ၏ စိတ်ကူးထဲမှာ Microsoft ၏ ခမ်းနားမှုကို အမြဲမြင်ယောင်နေပြီး သုံးစွဲသူများနှင့်အမြဲရင်းနှီးသော နည်းပညာရပ်များ တီထွင်နေသည့်လုပ်ရပ်ကို နှစ်ခြိုက်မိပါတယ်။ ကွန်ပျူတာ အခြေခံ စသင်သူတိုင်းသည် Microsoft ကို ရင်းန...
Image
Office 365 (၁)    မြန်မာနိုင်ငံရှိ လူအများသိထားကြသည့်Office 2003,Office 2010,Office 2013 Office   စသည့် အခြေခံသင်တန်းများတွင် သင်ကြားသော အရာနှင့် လုံးဝတူညီသောအရာမဟုတ်ပါ။ (၂) Office Application   များနှင့်အတူ Cloud Services များဖြစ်သောVideo Conferencing, One Drive, Sky for  Business, Team, Work flow  စသည့် Services များပါဝင်ပါတယ်။ (၃)  Office 365 ကို အချိန်မရွေး နေရာမရွေး  Devices မရွေးသုံးနိုင်ပါတယ်။ (၄)    မိမိပေးစေချင်သော အချက်အလက်များကို site တစ်ခုထဲမှ မျှဝေပေးနိုင်သော Share point ကိုသုံးနိုင်ပါတယ်။ (၅)    မိမိတို့အဖွဲ့အချင်းချင်း၊အစိုးရအဖွဲ့အချင်းချင်း ပူးပေါင်းဆောင်ရွက်များ ဆောင်ရွက်နိုင်ခြင်းနှင့် လုံခြုံစိတ်ချရသော စနစ်တစ်ခုကို ပိုင်ဆိုင်ကာ ကုန်ကျစရိတ်သက်သာစေခြင်းကိုပါ ရရှိမှာဖြစ်ပါတယ်။ (၆)  Internet Connection   ချိတ်ဆက်ထားရုံဖြင့် မိမိဘယ်နေရာရောက်နေသည်ဖြစ်စေ၊ ဘယ်  Devices သုံးနေသည်ဖြစ်စေ အသုံးပြုနိုင်မှာဖြစ်ပါတယ်။ (၇)    မိမိတို့အတွက် အရေြး...

Certified and Microsoft exam value (3)

အသိအမှတ်ပြုဖို့ဆိုတာ အပိုင်း(၃)       ဒီတစ်ပတ်မှာတော့ အပိုင်း(၂)မှာပြောထားတဲ့အတိုင်း မိမိတို့စိတ်ကြိုက် ရွေးချယ်မှုရဲ့ နောက်ဆက်တွဲဖြစ်တဲ့ လက်တွေ့အကောင်အထည်ဖော်မှုအပိုင်းကို ဆက်လက်မောင်းနှင်ကြပါစို့။       မိမိတို့နေထိုင်ရာ ပတ်ဝန်းကျင်က အသိအမှတ်ပြုမှုကို လူသားတိုင်း လိုချင်ကြပါတယ်။ အချို့တွေပြောလေ့ရှိတဲ့စကားကတော့ ပတ်ဝန်းကျင်အသိ အမှတ်ပြုဖို့မလိုပါဘူး။ ကိုယ်ကောင်းဖို့ပဲလိုတယ်။ ကိုယ်တော်ဖို့ပဲလိုတယ်။ သိပ်မှန်တဲ့စကားတွေပါလို့ စာရေးသူမြင်ပါတယ်။ သို့သော် လူဆိုတာ ပတ်ဝန်းကျင်နဲ့ကင်းပြီး တစ်ဦးတည်းနေတဲ့ သတ္တဝါမဟုတ်တော့ ပတ်ဝန်းကျင် ကို မိမိဘက်က ဦးစွာလေးစားပြီး နေထိုင်ရမှာဖြစ်ပါတယ်။ သို့မှသာ ပတ်ဝန်းကျင်ရဲ့လေးစားမှုကို ပြန်ရမှာဖြစ်ပါတယ်။ ပတ်ဝန်းကျင်ကိုကင်းအောင် နေထိုင်ရင် ပတ်ဝန်းကျင်က ဘာမှမဖြစ်ပေမယ့် ပတ်ဝန်းကျင်က မိမိကို အသိအမှတ်မပြုပဲ ကင်းလာရင်တော့ မိမိပဲထိခိုက်ခံစားရမှာဖြစ်ပါတယ်။       ဒီအချက်ကို ယနေ့ခေတ်လူငယ်တွေ များစွာသတိမူမိစေလိုတာကတော့ စာရေးသူဆန္ဒပါ။ လွန်စွာမှအရေးကြီးလှပါတယ်။ ယနေ့ခေတ်သည် တိုးတက် နေသောနည်းပညာများကို အသုံးပြု...

Certified (2)

အသိအမှတ်ပြုဖို့ဆိုတာ အပိုင်း(၂)        ပြီးခဲ့တဲ့အပိုင်းက မိမိအကြောင်း၊ မိမိတို့လုပ်ငန်းအကြောင်းကို မိမိတို့ကိုယ်တိုင် ပြောတာထက် မိမိတို့အကြောင်းကို မိမိတို့မဟုတ်သော အခြားအဖွဲ့အစည်း (Third Party Organization) မှ ပြောတာကောင်းကြောင်း၊ သို့မှသာ အများ၏အသိအမှတ် ပြုမှုခံရမည်ဖြစ်ကြောင်းကို ဖော်ပြခဲ့ပါတယ်။ ဒီအပိုင်း(၂)မှာကတော့ အများအသိအမှတ် ပြုဖို့ မိမိဘက်မှပြင်ဆင်ရမည့်အချက်များကို ဖော်ပြသွားမှာဖြစ်ပါတယ်။        ပထမဆုံးပြင်ဆင်ရမှာက ရွေးချယ်မှုပါ။ မိမိဘဝမှာ မိမိဘာဖြစ်ချင်သလဲဆိုတာနဲ့ စတင်ရမှာ ဖြစ်ပါတယ်။ ကလေးဘဝမှာ မိဘများ၊ ဆွေမျိုးများ၊ လူကြီးများ မေးတတ်ကြသော မေးခွန်းပေါ့။ ကြီးလာရင် ဘာလုပ်မှာလဲဆိုတာ။        သိပ်ကို အရေးကြီးလှပါတယ်။ ဒီမေးခွန်းကို လွယ်လွယ်နဲ့မဖြေမိပါစေနဲ့။ ငယ်ငယ်က ကိုယ်စီဖြေခဲ့ဘူးပေမယ့် အခု ဒီစာဖတ်နေတဲ့အချိန်မှာတော့ သေသေချာချာ ပြန်တွေးပြီးတော့မှ မိမိကိုယ်ကိုဖြေစေချင်တာ စာရေးသူရဲ့ဆန္ဒပါ။        ဒါဆို ဘာလိုလဲဆိုတော့ Computer မှာဆို Result ရဖို့ Data ကို Inst...

Cetified

အသိအမှတ်ပြုဖို့ဆိုတာ(Certified)        ယနေ့ မိမိတို့နေထိုင်ရာကမ္ဘာပေါ်မှာ တိုးတက်ပြောင်းလဲမှုတွေဟာ အချိန်နှင့်အမျှ တွေ့ကြုံနေရပါတယ်။ ဒီလိုတိုးတက်ပြောင်းလဲနေသောခေတ်ကြီးမှာ မိမိတို့တစ်ဦးချင်း အတွက် ဘဝအာမခံချက်ရှိဖို့ လွန်စွာမှအရေးကြီးလှပါတယ်။ မိမိတို့ဖြတ်သန်းနေရသော ခေတ်တွင် မိမိတို့ပိုင်ဆိုင်သော တန်ဖိုးရှိလှတဲ့အချိန်များကို အကျိုးရှိစွာ အသုံးချဖို့ လိုအပ်ပါတယ်။ မိမိတို့တစ်ဦးချင်း တတ်နိုင်သလောက် ရုန်းကန်ကြိုးစားနေသော်လည်း ဒီလိုကြိုးစားနေမှုကို အသိအမှတ်ပြုမှု လူသားတိုင်း ခံစားချင်ကြပါတယ်။        အသိအမှတ်ပြုတယ်ဆိုတာ ကိုယ်တတ်ကြောင်း၊ ကိုယ်တော်ကြောင်းကို ကိုယ်ကိုယ်တိုင်ပြောပါက အများလက်ခံနိုင်မည်မဟုတ်ပါ။ ဒီနေရာမှာ မိမိတော်ကြောင်း မိမိကြိုးစားထားကြောင်းကို မိမိကိုထောက်ခံပြောပေးမည့် တစ်ခြားသူ၊ တစ်ခြားအဖွဲ့ အစည်း လိုအပ်ပါတယ်။        ကွန်ပျူတာအခေါ် (Third Party) ပေါ့။Operating System တင်ပြီး တစ်နည်း Windows တင်ပြီးတာနဲ့ တစ်ခါတည်းပါလာတာမဟုတ်ပဲ နောက်တတစ်ဆင့် ထပ်တင်ရတဲ့Software တွေကို Third Party Software လို့ခေ...