Posts

Showing posts from November, 2018

အသိအမှတ်ပြုသည့်မှတ်တမ်းများနှင့် Certified

Image
အသိအမှတ်ပြုသည့်မှတ်တမ်းများနှင့် Certified ******************************************* ဘဝမှာ ဖြတ်သန်းနေရသော အချိန်များတွင် အသိအမှတ်ပြုမှုနှင့်အတူ Certified ဖြစ်တယ်ဆိုတဲ့ အထောက်အထားတွေ ရဲ့တန်ဖိုးသည် အလွန်အရေးကြီးပါတယ်။ ကျွန်တော်တို့ ဘဝမှာ အချိန်တိုင်း လုပ်ရပ်များကို လုပ်ဆောင်နေရပါတယ်။ ဘာမှ မလုပ်ပဲ ထိုင်နေသူလည်း ဘာမှမလုပ်သောလုပ်ရပ်ကို လုပ်ဆောင်နေရပါတယ်။ ဒီလို အသိအမှတ်ပြုမှုတွေနဲ့ Certified ဖြစ်ကြောင်း အထောက်အထားတွေကို အလွန်တန်ဖိုးထားပါတယ်။ သက်ဆိုင်သူတစ်ဦးချင်းကိုလည်း ကျေးဇူးတင်ပါတယ်။ အဓိကအရေးအကြီးဆုံးဖြစ်တဲ့ ဘဝရဲ့ ကျန်သောအချိန်များကို လူသားအကျိုးပြုမည့် လုပ်ရပ်များစွာ ဆက်လက်လုပ်ဆောင်နိုင်သည့် စွမ်းအားရရှိပါစေလို့ ဆုမွန်တောင်းရင်း ရှေ့ဆက်လျက်ပါ။

Microsoft Friend Part (2)

Image
Microsoft  မှ မိတ်ဆွေများနှင့် တခဏတာ အပိုင်း(၂)     ၁၉၄၀ခန့်တွင် ကွန်ပျူတာ စတင်ပေါ်ပေါက်ခဲ့ပြီး (၃၅)နှစ်ကြာမှ စတင်ခဲ့သော Microsoft ကို ၁၉၇၅ ခုနှစ်တွင် စတင်ခဲ့ပါတယ် Microsoft ၏ Windows ဆိုတဲ့ Operating System Software ကို ကွန်ပျူတာ စတင်လေ့လာသူတိုင်း ရင်းနှီးပြီး ဖြစ်ကြပါတယ်။ စာရေးသူ တက်ရောက်ခဲ့သော Microsoft Asia Learning Partner Summit 2016 ကို Singapore နိုင်ငံတွင် ၂၀၁၆ခုနှစ်၊ အောက်တိုဘာလ (၂၅)ရက်နေ့နှင့် (၂၆)ရက်နေ့မှာ ပြုလုပ်ခဲ့ပါတယ်။ ထို့အတွက်ကြောင့် စာရေးသူအနေဖြင့ှ်Summit မတိုင်မီ တစ်ရက်ကြိုပြီးသွားရောက်ခဲ့ပါတယ်။     Singapore နိုင်ငံ၏ တိုးတက်မှုကို ကမ္ဘာအရပ်ရပ်မှ လက်ခံပြီးဖြစ်ပြီး ဘာကြောင့် တိုးတက်ကြသလဲဆိုတာကို စိတ်ဝင်စားသူ များလှပါတယ်။ သဘာဝသယံဇာတ အနည်းငယ်သာ ပိုင်ဆိုင်ပြီး သေးငယ်သောနိုင်ငံတစ်ခုဖြစ်သော်လည်း လူ့စွမ်းအားအရင်းအမြစ်ကို တန်ဖိုးထားသော ကြောင့် ယခုလို အောင်မြင်နေခြင်းဖြစ်ပါတယ်။     စာရေးသူတွေ့မြင်ခဲ့သော လူစီကားရာနေရာများဖြစ်သည့် ရထားစီးသောနေရာ၊ ကားစီးသော နေရာများတွင် လူအများအနေဖြင့် စာအုပ်များဖြစ်စေ၊ Electronic ပစ္စည်းများဖြစ်သည့် Phone/Tablet များဖြင့် လေ့လာမှုများကို ပြုလ

Microsoft Friend Part (1)

Image
Microsoft  မှ မိတ်ဆွေများနှင့် တစ်ခဏတာ အပိုင်း(၁)     Microsoft ဆိုတဲ့ နာမည်ကို နည်းပညာနယ်ပယ်တွင် လုပ်ကိုင်နေသူတိုင်း သိရှိရင်းနှီးပြီး ဖြစ်သလို နည်းပညာနယ်ပယ်နှင့် မပတ်သတ်သောသူများအနေဖြင့်လည်း ဒီနာမည်ကို ရင်းနှီး သည့်သူ များလှပါတယ်။ Microsoft ကို စတင်တည်ထောင်သူကြီးကိုလည်း သိရှိသူများလှပါ တယ်။ Bill Gates လို့ကြားလိုက်တာနဲ့ ချမ်းသာသော သူဌေးကြီးလို့ ပြေးမြင်သူများပါတယ်။ ကမ္ဘာပေါ်မှာ အချမ်းသာဆုံးသူဌေးကြီးလို့ သိရှိကြပါတယ်။     စာရေးသူ စာသင်သောအခါ တပည့်များကို မေးလေ့ရှိသော မေးခွန်းရှိပါတယ်။ ကွန်ပျူတာကို ဘယ်သူထွင်ခဲ့သလဲဆိုတာ သိသလားလို့။ စာသင်သားအများစု ဖြေဆိုကြသော အဖြေမှာ Bill Gates ပါဆရာလို့ဖြေကြပါတယ်။ Bill Gates ကို ကွန်ပျူတာ တီထွင်သူအဖြစ်လည်း မြင်တတ်ကြပါတယ်။ အမှန်တကယ်တော့ ကွန်ပျူတာ စပေါ်တုံးက Bill Gates က မမွေးဖွားသေးပါဘူး။     စာရေးသူ၏ စိတ်ကူးထဲမှာ Microsoft ၏ ခမ်းနားမှုကို အမြဲမြင်ယောင်နေပြီး သုံးစွဲသူများနှင့်အမြဲရင်းနှီးသော နည်းပညာရပ်များ တီထွင်နေသည့်လုပ်ရပ်ကို နှစ်ခြိုက်မိပါတယ်။ ကွန်ပျူတာ အခြေခံ စသင်သူတိုင်းသည် Microsoft ကို ရင်းနှီးပြီးဖြစ်ပါတယ်။ မိမိအနေဖြင့် လေးစားနေသော Micros