Posts

Showing posts from July, 2020

Compliance Center in Microsoft 365(Part 1)

Image
ယနေ့ခေတ်တွင် ပြင်ပအဖွဲ့အစည်းများနှင့်အစိုးရအဖွဲ့များ၏ သတင်းအချက်အလက်များသည် Online ပေါ်မှ လွယ်ကူထိရောက်စွာလုပ်ဆောင်မှုများ တနေ့တခြားများပြားလာကြပါတယ်။ Microsoft အနေဖြင့် သုံးစွဲသူတို့၏အချက်အလက်များကိုလုံခြုံမှု(Security)ပိုင်းကို အလေးထားဆောင်ရွက်ရင်းနဲ့ လုံခြုံစိတ်ချမှုအတွက် မဖြစ်မနေလိုက်နာရမည့် (Compliance)အတွက်လည်းတပါတည်းပြင်ဆင်နေပါတယ်။ ဒီ့အတွက် Security လို့ပြောလိုက်တာနဲ့နောက်ကနေ လိုက်နာရမည့်လုပ်ဆောင်ချက်ဖြစ်သည့် Compliance တပါတည်းပါလာပါတယ်။ Microsoft 365 Compliance Center ************************************ မိမိအဖွဲ့အစည်းအတွင်း Data အချက်အလက်များလုံခြုံစိတ်ချဖို့အတွက် လိုက်နာရန်လိုအပ်မည့်အချက်အလက်များကို လွယ်ကူစွာသိရှိနိုင်ဖို့ အကူအညီပေးနေသောနေရာကို Microsoft 365 Compliance Center လို့ခေါ်ပါတယ်။ Compliance Score ******************** မိမိအဖွဲ့အစည်းအတွင်း risk-based Score ကိုတိုင်းတာပြီး အချက်အလက်များကို ဘယ်လိုကာကွယ်နိုင်မလဲဆိုတာကို ပြပေးနေသော Feature ဖြစ်ပါတယ်။ ဒီအချက်အလက်တွေကို အခြေခံပြီး risk assessments တွေကို track လုပ်နိုင်ပါတယ်။ဒီ Score မှတဆင့် Improv