Compliance Center in Microsoft 365(Part 1)

ယနေ့ခေတ်တွင် ပြင်ပအဖွဲ့အစည်းများနှင့်အစိုးရအဖွဲ့များ၏ သတင်းအချက်အလက်များသည် Online ပေါ်မှ လွယ်ကူထိရောက်စွာလုပ်ဆောင်မှုများ တနေ့တခြားများပြားလာကြပါတယ်။
Microsoft အနေဖြင့် သုံးစွဲသူတို့၏အချက်အလက်များကိုလုံခြုံမှု(Security)ပိုင်းကို အလေးထားဆောင်ရွက်ရင်းနဲ့ လုံခြုံစိတ်ချမှုအတွက် မဖြစ်မနေလိုက်နာရမည့် (Compliance)အတွက်လည်းတပါတည်းပြင်ဆင်နေပါတယ်။
ဒီ့အတွက် Security လို့ပြောလိုက်တာနဲ့နောက်ကနေ လိုက်နာရမည့်လုပ်ဆောင်ချက်ဖြစ်သည့် Compliance တပါတည်းပါလာပါတယ်။
Microsoft 365 Compliance Center
************************************
မိမိအဖွဲ့အစည်းအတွင်း Data အချက်အလက်များလုံခြုံစိတ်ချဖို့အတွက် လိုက်နာရန်လိုအပ်မည့်အချက်အလက်များကို လွယ်ကူစွာသိရှိနိုင်ဖို့ အကူအညီပေးနေသောနေရာကို Microsoft 365 Compliance Center လို့ခေါ်ပါတယ်။
Compliance Score
********************
မိမိအဖွဲ့အစည်းအတွင်း risk-based Score ကိုတိုင်းတာပြီး အချက်အလက်များကို ဘယ်လိုကာကွယ်နိုင်မလဲဆိုတာကို ပြပေးနေသော Feature ဖြစ်ပါတယ်။
ဒီအချက်အလက်တွေကို အခြေခံပြီး risk assessments တွေကို track လုပ်နိုင်ပါတယ်။ဒီ Score မှတဆင့် Improvement Actions/Solutions နှင့် Assessments တွေကိုဆက်လက်ဆောင်ရွက်နိုင်ပါတယ်။
Data Protection Baseline အဆင်ပြေဖို့အတွက် ဘယ်အချက်အလက်တွေလိုအပ်သလဲဆိုတာ သိရှိနိုင်ပါတယ်။

Comments

Popular posts from this blog

Azure Active Directory Plans and Pricing

Microsoft Azure and Microsoft 365 Different