Microsoft 365 Identity
➡️ MS-102 ကိုလေ့လာပါက
📍 Entra
📍Identity
📍Microsoft Defender
📍Purview
ဒီ အပိုင်း (၄) ကို လေ့လာရမှာပါ။
✅ Identity အပိုင်းတွင်
Microsoft 365 တွင် အပိုင်း (၂)ခုရှိပါတယ်။
👉Cloud Identity
👉 Hybrid Identity
On-premises မရှိသော လုပ်ငန်းများအတွက် Cloud only ကို အသုံးပြုရပြီး Microsoft Entra မှ တာဝန်ယူပါတယ်။
On-premises ရှိသော လုပ်ငန်းများအတွက် Cloud နဲ့ on-premises ကို ချိတ်ဆက်ပြီး Sync လုပ်ဖို့ Tools ကိုသုံးရပြီး သူ့ကို Hybrid လို့ခေါ်ပါတယ်။
✅ Tools (2)ခု
👉Microsoft Entra Connect Sync
အဖွဲ့အစည်းဖက်မှ အစစအရာရာ တာဝန်ယူရပြီး PHS/PTA နဲ့ Federation
တွေကို လုပ်ဆောင်နိုင်ပြီး Sync လုပ်ဖို့နဲ့
စစ်ဆေးဖို့ အထက်ပါ (၃)ခုထဲက ရွေးချယ်နိုင်ပါတယ်။
PHS သည် Microsoft ရဲ့ Recommends ဖြစ်ပြီး on-premises down သွားရင်လည်း Microsoft Entra မှ ဆက်လက်
လုပ်ဆောင်နိုင်ပါတယ်။
👉 Microsoft Entra Cloud Sync
Lightweight agent အဖြစ်သုံးပြီး PHS တစ်မျိုးသာ အသုံးပြုနိုင်ပြီး PTA နဲ့ Federation မရပါ။
Entra ID (Cloud)/ ADDS (on-prem)
ဒီအသုံးကို သတိပြုဖို့လိုပါတယ်။
#zntmvp
Comments
Post a Comment