ခေါင်းစဉ် (၅)ခုဖြင့် တင်ဆက်မယ်
✍️Hardware
✍️Network
✍️AI
✍️Microsoft 365
✍️Azure
အထက်ပါ ခေါင်းစဉ်(5)ခုနဲ့ ပတ်သက်ပြီး စာရေးသားခြင်း၊Video တင်ဆက်ခြင်းတို့ကို အပိုင်းလိုက်ပြုလုပ်သွားပါ့မယ်။
✍️Network (1)
📌NIC Card
➡️Network ချိတ်ဆက်မှုပြုလုပ်ဖို့ Network Card (NIC card) မပါရင် မရပါ။
♦️NIC card မှာ Signal encoding and Decoding လုပ်ဆောင်ခြင်း
➡️Encoding ဆိုတာ Binary data (0,1)တွေကို Network Medium များဖြစ်တဲ့ (Ethernet,Wi-Fi) တို့အတွက်
သင့်လျော်တဲ့ Signal (radio,Electrical,optical)တို့ပြောင်းလဲခြင်းဖြစ်ပြီး Decoding ကတော့ Encoding ရဲ့ပြောင်းပြန်လုပ်ဆောင်ခြင်းဖြစ်ပါတယ်။
♦️Data Transmission and Reception
➡️Singal Encoding နဲ့ Decoding သည် Data transmission and reception ရဲ့အစိတ်အပိုင်းဖြစ်ပြီး data transmission နဲ့ reception မှာတော့ error detection,routing နဲ့ framing တို့ပါဝင်ပါတယ်။
♦️Data Buffering
➡️Data loss မဖြစ်စေရန် Data transfer speed မတူမှုကို ကိုင်တွယ်ရန် data များကို အချိန်ပိုင်း သိမ်းဆည်းထားခြင်း (temporarily Storing data)အတွက် buffering မဖြစ်မနေလုပ်ဆောင်ဖို့လိုပါတယ်။
♦️Serial/parallel Conversion
➡️Serial သည် data ကိုတစ်ကြောင်းတည်းနည်းလမ်း(USB,Ethernet )ဖြင့်ပို့ဆောင်ပြီး parallel သည် တပြိုင်နက်နည်းလမ်း (RAM,PCI Port )တို့ဖြင့်ပို့ဆောင်ခြင်းကိုဆိုလိုပါတယ်။
♦️Media Access Control
➡️Data များကို ပို့ဆောင်ခြင်းနဲ့လက်ခံခြင်းစနစ်တစ်ခုပါ။ဒီအထဲတွင် MAC address သည်အလွန်အရေးပါပါတယ်။
NIC Card ရဲ့ မပြောင်းလဲတဲ့ Address ပါ။
#zntmvp
Comments
Post a Comment