Posts

Showing posts from January, 2025

Seven Step Network Troubleshooting Theory

 1/ Identify the problem 2/ Establish a theory of problem cause 3/ Test the theory  4/ Establish a plan of action  5/ Implement and test the solution  6/ Verify system functionality  7/ Document Finding  ဒီအချက် ၇ ချက်သည် CompTIA N+ ရဲ့ Troubleshooting Theory တွေပါ။ ပထမဦးဆုံးအနေနဲ့ ကိစ္စတစ်ခုဖြစ်လာပါက ဒီကိစ္စကို ခွဲခြမ်းစိတ်ဖြာဖို့လိုပါတယ်။ ဘယ်လိုရှင်းမလဲဆိုတာကို မိမိသိတဲ့ Theory တွေနဲ့ချိန်ထိုးကြည့်ပါ။ Theory တွေနဲ့ စမ်းကြည့်ပြီး ဘယ် Theory သည် မှန်ကန်လဲဆိုတာရွေးချယ်ပါ။ လူအများစုသည် အဆင့် ၃ တွင်ရပ်တန့်သွားကြပါတယ်။သိရင်ရပြီဆိုတဲ့အနေအထားပါ။ဆက်လုပ်ရမှာက  action ပါ။ အဆင့် ၅ နဲ့ ၆ ဆက်လုပ်သူက ၃၀ % ပါ။ ကိစ္စရပ်ကို ဖြေရှင်းပြီးရင် ဖြေရှင်းလိုရတဲ့အချက်တွေကို သေချာအောင် ပြန်လည်စစ်ဆေးဖို့နဲ့ မှတ်သားထားဖို့ အထူးလိုအပ်ပါတယ်။ ဒီအချက်ကိုလုပ်ဆောင်တာကတော့ ၁၀%ပါ။ Network Troubleshooting ဆိုပေမယ့် တခြားကိစ္စရပ်တွေဖြေရှင်းဖို့အတွက်လည်းသုံးနိုင်ပါတယ်။ #zntmvp

CompTIA N+ (N10-008)

📌 Computing Technology Industry Association (CompTIA) 📌 CompTIA သည် Vendor Neutral  ➡️Vendor Neutral သဘောအရ ဘယ် Brand ကိုမှ စောင်းပေးထားခြင်းမရှိပဲ နည်းပညာရပ်ကိုသာ အဓိကအားပြုထားပါတယ်။ 📌နည်းပညာကိုလေ့လာမည့် သူတစ်ဦးအတွက် အခြေခံကျသော Entry-level Certification သည် CompTIA အဖွဲ့မှ Exam တွေဖြစ်ပါတယ်။ 📌CompTIA တွင် A+,N+ ဆိုပြီး လေ့လာကြပါတယ်။အခြေခံကတော့ A+ ဖြစ်ပြီးဆက်လက်ပြီး N+ (Network)ကိုလေ့လာနိုင်ပါတယ်။ 📌CompTIA N+ (N10-008)တွင် Eighth Edition ဖြစ်တာကြောင့် ✍️ 802.11ax ✍️WiFi 6 ✍️ 5G ✍️ Cat7 , Cat 8 စသည့် သင်ခန်းစာအသစ်များပါဝင်ပါတယ်။ 📌Exam အနေနဲ့ 5 Domain ပါဝင်ပါတယ်။ ✍️ Networking Fundamentals 24% ✍️Network Implementation 19% ✍️Network Operations 16% ✍️Network Security 19% ✍️Network Troubleshooting 22% စသည့်အပိုင်းပါဝင်ပါတယ်။ ⏰CompTIA A + နဲ့ CompTIA N+ သင်တန်းများတက်ရောက်နိုင်ပါတယ်။ #zntmvp