Microsoft Teams (Part 6)
.svg.png)
Release Preferences M365 admin center > setting > org setting > Organization profile > release prefernces Microsoft 365 အသုံးပြုသူများအနေနဲ့ Organization ၏ Admin မှ ရွေးချယ်ထားသော options ပေါ်မူတည်ပြီး အသုံးပြုသူ (Users) များသည် new features နှင့် Services Updates များကိုရရှိမှာဖြစ်ပါတယ်။ Release Preference တွင် ရွေးချယ်လို့ရတာ (၃)မျိုးရှိပါတယ်။ 1/ Standard release for everyone 2/ Targeted release for everyone 3/ Targeted release for select users Microsoft ၏ Worldwide Update ထုတ်ပြန်သည့်အခါ M365 အသုံးပြုနေသော မိမိအဖွဲ့အစည်းအတွင်းရှိ Users တိုင်းကို ရရှိစေချင်ရင် နံပါတ် (၁) ရွေးချယ်ပေးပါ။ Microsoft ၏ Update များကို မိမိအဖွဲ့အစည်းမှ အသုံးပြုသူ (Users)များအတွက် အစောဆုံးသိစေချင်လျှင် နံပါတ်(၂)ကိုရွေးပါ။ အစောဆုံး Update များကို မိမိအဖွဲ့အစည်းအဝေးရှိ မိမိသိစေချင်သော သူများကိုသာ ရွေးချယ်သိရှိချင်လျှင် နံပါတ် (၃) ကိုရွေးပါ။ အထူးမှတ်ချက်အနေဖြင့် အခုလက်ရှိ ရွေးချယ်မှုတွေသည် Office apps တွေကို သက်ရောက်မှုမရှိပါ။office apps များအတွက် Office Installation options ကိုရွေး...