Microsoft Azure ၏ VNet လေ့လာဖို့

 


Microsoft Azure ၏ Virtual Network ကို သိဖို့အတွက် Network ၏ ip addressing ကိုမဖြစ်မနေသိဖို့လိုပါတယ်။

လေ့လာမှုတွေအတွက် အခြေခံကိုပိုင်နိုင်ဖို့အင်မတန်အရေးကြီးပါတယ်။


1/ Network ချိတ်မည့် Device တိုင်း ip ဘာကြောင့်ပေးရတာလဲ?

- အဓိက unique ဖြစ်ဖို့ပါ။သီးသီးသန့်သန့်ရှိစေဖို့အတွက်ပါ။ဒါမှ ပေးဖို့မှုနဲ့လက်ခံမှုအပိုင်းတွေကိုတိကျစွာလုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။


2/ IP Version ဘယ်နှစ်မျိုးလဲ?

- IP version 4 နဲ့ 6 နှစ်မျိုးရှိပြီး ဘယ် Version ဘယ်နေရာသုံးသလဲလို့ မေးခွန်းမေးရင်တချို့က မှတ်သားမှုမှားယွင်းတတ်ပါတယ်။Network အကြီးတွေမှာ V6 သုံးပြီး အသေးတွေမှာ V4 သုံးတယ်လို့ဖြေတတ်ကြပါတယ်။အမှန်တကယ်တော့ 1981 ဝန်းကျင်မှာ IP Version 4 စတင်ခဲ့ပြီး 4.3 Billion IP Address အထိပေးနိုင်ပါတယ်။ကမ္ဘာပေါ်မှာ Network သုံးစွဲမှုများပြားလာသည့်အတွက် IP လိုအပ်ချက်များပြားလာသည့်အခါ IP V4 ၏အရေအတွက် မလုံလောက်မှုတွေရှိလာမှာပါ။ဒီ့အတွေက် IP Version 6 ကို 1998 ဝန်းကျင်မှာ စတင်ခဲ့ပါတယ်။


3/ IP Version 4 နဲ့ Version6 ကွာခြားချက်

- IP Version 4 သည် Dot Decimal ဖြင့်ရေးသားပြီး အကွက် ၄ ကွက် 32 bits ဖြစ်ပါတယ်။192.168.1.1

- IP Version 6 သည် Hexadecimal ဖြင့်ရေးသားပါတယ်။503b:6400:0000:0000:6c3a:b17d:0000:17ab


4/ Subnet ဆိုတာဘာလဲ?

- IP နဲ့အတူ Subnet ဆိုတာ မသိမဖြစ်အရေးကြီးပါတယ်။Host ID နဲ့ Net ID ကိုသိဖို့ Subnet လိုပါတယ်။Host ဆိုတာ Network တစ်ခုမှာရှိတဲ့ Computer အရေအတွက်ပါ။Net ဆိုတာ Network တစ်ခုမှာရှိတဲ့ Network အရေအတွက်ပါ။ဒီ့အတွက် IPV 4 မှာ Class A,B,C,D နဲ့ E ရှိပြီး Class A အတွက် Host ID နဲ့ Net ID ရှိပြီး တခြား Class တွေမှာလည်း ဒီအတိုင်းပဲရှိပါတယ်။Subnetting ခွဲတယ်ဆိုတာ ဒီ့အတွက်ပါ။Network သင်ခန်းစာတွေမှာ How Many Computer/Network စသည့်မေးခွန်းများက Subnetting တွင်ဖြေကြရပါတယ်။1.1.1.1 နဲ့ 1.1.1.2 IP ပေးထားတဲ့ Device နှစ်ခု Network မိ/မမိဖြေဖို့အတွက် သူတို့ရဲ့ Subnet ဘယ်လောက်လဲအပေါ်မူတည်ပါတယ်။​Network မိဖို့ Class တူတာတစ်ခုတည်းနဲ့မရပါ။Class နဲ့ Subnet တူဖို့လိုပါတယ်။


5/ Private နဲ့ Public IP

- IP Address Version 4 အရေအတွက်ကုန်ရင် IPV 6 ပြင်ဆင်ဖို့ဖြစ်ပေါ်လာသည်မှာ Public IP ကိုဆိုလိုခြင်းဖြစ်ပါတယ်။Private IP သည် လုပ်ငန်းတစ်ခုအတွင်း/အဖွဲ့အစည်းတစ်ခုအတွင်းတွင် အသုံးပြုရန်ဖြစ်ပြီး Internet ကိုထွက်ပြီး Global ချိတ်ဆက်ဖို့အတွက် Public IP လိုပါတယ်။IPV 4 တွင် Class A,B နဲ့ Cကိုသာ အဓိက အသုံးပြုပါတယ်။ဒီ Class သုံးခုတွင် Private နဲ့ Public IP များရှိပါတယ်။ဘာကြောင့်  ဒီ Class သုံးခုကိုသုံးတာလဲဆိုတော့ Unicast ဖြစ်လို့ပါ။One to One ချိတ်ဆက်တာကိုဆိုလိုတာပါ။Class D ကတော့ Multicast ပါ။One to Many အဓိက Group တွေကိုချ်ိတ်ဆက်အလုပ်လုပ်ဖို့အတွက်ဖြစ်ပါတယ်။Class E ကတော့ လိုအပ်ရင် စမ်းသပ်အသုံးပြုဖို့အတွက် Future Plan အတွက်ဖယ်ထားတဲ့သဘောပါ။


အထက်ပါ အချက်အလက်တွေကိုမဖြစ်မနေလေ့လာပြီးမှ သာ Azure ရဲ့ Virtual network (VNet)သင်ခန်းစာသိရှိနိုင်မှာဖြစ်ပါတယ်​။Azure ရဲ့ VM တစ်ခုတည်ဆောက်မှုတွင် Private IP နဲ့ Public IP နှစ်ခုရှိတဲ့သဘောတရား/Public IP Create လုပ်ရခြင်းအကြောင်းအရာတွေ ဒါတွေကိုသိရှိနိုင်မှာဖြစ်ပါတယ်။


#zntmvp

Comments

Popular posts from this blog

Azure Active Directory Plans and Pricing

Microsoft Azure and Microsoft 365 Different