Entra ID Device join Types


 1/ Registered

Windows 10,iOs,Andriod,masOS အသုံးပြုသည့် Users တစ်ဦးချင်းနဲ့
Org Owned(organization မှ ပိုင်သော) Devices များအတွက် SSO(single sign-on) ကိုအသုံးပြုပြီး Azure ၏ Entra ID ကိုသုံးနိုင်ပါတယ်။
ပြင်ပအဖွဲ့အစည်းမှ Organization ၏ resources များကိုအသုံးပြုချင်သောအချိန်အခါဖြစ်စေ/မိမိတို့၏ Personal devices များကိုသုံးချင်သောအချိန်ဖြစ်စေ အသုံးပြုပါတယ်။
2/ Joined
Joined Type အနေနဲ့ Windows 10 or 11 ဖြစ်ရပြီး Home Edition တော့မရပါ။အဖွဲ့အစည်းမှ ပိုင်ဆိုင်သော Devices ဖြစ်ရမည်။
SSO ကိုအသုံးပြုပြီး Azure Entra ID နဲ့ on-prem ကိုအသုံးပြုနိုင်ပါတယ်။Authentication အနေနဲ့ Entra ID တစ်ခုကိုပဲအသုံးပြုပါတယ်။Entra ID မှ ADDS ကိုချိတ်ဆက်စစ်ဆေးတဲ့ပုံစံပါ။
M365 cloud apps ကိုအဓိကထားသုံးသည့်အချိန်တွင် အသုံးပြုပါတယ်။
3/ Hybird Joined
Windows 10/8.1 / 7 အသုံးပြုနိုင်ပါတယ်။အဖွဲ့အစည်းမှ Devices ဖြစ်ရပါ့မယ်။SSO ကိုအသုံးပြုပြီး Azure Entra ID နဲ့ on-prem ကိုအသုံးပြုနိုင်ပါတယ်။
Authentication အနေနဲ့ Entra ID နဲ့ ADDS နှစ်မျိုးလုံး အသုံးပြုပါတယ်။
အသုံးပြုသူများအနေဖြင့်် အဓိက Downlevel အခြေအနေတွင် အဓိက အသုံးပြုပါတယ်။
Entra ID > Devices > all devices မှ Devices များကို Manage ပြုလုပ်နိုင်ပါတယ်။
Enable,Disable and delete




Comments

Popular posts from this blog

Azure Active Directory Plans and Pricing

Microsoft Azure and Microsoft 365 Different