AZ-104 Network Traffic မှ တွေးစရာများ


♦️ ပုံထဲမှာရေးထားတဲ့ Private (regional)နဲ့ Global ဆိုတာ ဘာကိုဆိုလိုတာလဲ

♦️ Load balancer မှာ Private (regional) ပဲရတယ်ရေးထားပြီး Azure ရဲ့ Tier မှာ Regional (or) Global ဘာကြောင့် ရွေးလို့ရနေတာလဲ

♦️ Github ထဲမှာ ရေးထားတဲ့ hub and spoke network ဆိုတာဘာလဲ


➡️ Private (regional) နဲ့ Global ဆိုတာ

internet facing (internet အသုံးပြုနိုင်တာ)ကိုဆိုလိုတာမဟုတ်ပါ။

👉 Private (regional )ဆိုတာက Azure 

အတွင်းရှိ Region တစ်ခု (ဥပမာ- East US) မှာရှိတဲ့ VMs တွေကို Handle လုပ်နိုင်တယ်လို့ဆိုလိုတာပါ။

👉 Global ကတော့ Multi-region ကိုအသုံးပြုနိုင်တာဖြစ်ပါတယ်။


🛑 ပုံထဲက load Balancer (4)မျိုးစလုံးသည် Internet-Facing ရပါတယ်။

Function တွေနဲ့ Use case တွေခြားနားပါတယ်။


➡️ Load Balancer က နှစ်မျိုးရှိပါတယ်။

Public နဲ့ Private ပါ။

Private က regional ပဲ အသုံးပြုနိုင်ပြီး

Public ကတော့ Regional/ Global ရပါတယ်။

♦️ private load balancer ကိုသုံးချင်ရင်

load balancer > create > Type (Private ) ကိုရွေးရမှာပါ။


➡️ Hub and Spoke က အလွယ်မြင်သာအောင် မှတ်ရင် Server and Client သဘောပါ။

Hub သည် Control center node ဖြစ်ပြီး Spoke သည် nodes များဖြစ်ပါတယ်။


#zntmvp

Comments

Popular posts from this blog

Add a Custom Domain

Identity Models

Microsoft Defender for Endpoint (MDE)