Network နဲ့ Internet တူပါသလား????
➡️ Computer လေ့လာနေသူများ/Internet အသုံးပြုသူအနေဖြင့် ဒီနာမည်တွေနဲ့ မစိမ်းတော့
သိသလိုလိုနဲ့ သေသေချာချာ မသိတာက လူအများစုပါ။
🤔 ပြန်ဖြေတဲ့အဖြေတွေကတော့
📍Internet က လူအများကြီးသုံးပြီး Network ဆိုတာ လူအုပ်စုတစ်ခုပဲသုံးကြတယ်။
📍Internet က တမ္ဘာလုံးချိတ်ဆက်ထားပြီး Network ဆိုတာ အနည်းစုပဲ ချိတ်ထားတယ်။
📍ရုံးအတွင်း/အဖွဲ့အတွင်းဆို Network/ တမ္ဘာလုံးဆို Internet စသည့်အဖြေတွေ ဖြေဆိုတတ်ကြပါတယ်။
✅ Network
✍️ Network ဆိုတာ ကွန်ယက်ပါ။ချိတ်ဆက်ခြင်းပါ။
✍️ Network မှာ
Devices အနည်းငယ်ချိတ်ဆက်တဲ့ local Area Network (LAN)ရှိသလို
တမ္ဘာလုံးကိုချိတ်ဆက်တဲ့ Wide Area Network (WAN)အထိရှိပါတယ်။
✍️ Network Requirement
📍 NIC Card (Network Card)လိုပါတယ်။NIC Card ရှိမှသာ Nerwork ချိတ်ဆက်နိုင်မှာပါ
📍Medium
ကြားခံပစ္စည်း (Wire or Wireless လိုပါတယ်။)
📍Protocol တူရမယ်။
အရင်ကတော့ Language လို့ခေါ်ဆိုရပြီး နောက်ပိုင်းတော့ Rule လို့သတ်မှတ်တဲ့ Protocol တူရမယ်။စည်းမျဉ်းတူရမယ်။TCP/IP သည်အခြေခံအုတ်မြစ်ပါ။
📍Services
Network ချိတ်ဆက်တယ်ဆိုတာ မျှဝေတာပါ။မျှဝေဖို့အတွက် သက်ဆိုင်ရာ Services တွေကို On ဖို့လိုပါတယ်။
📍Type and Size
Network ကို ဘယ်လို Type နဲ့ ဘယ်လောက် Size ထားပြီးချိတ်မလဲဆိုတာ အရေးကြီးပါတယ်။
🛑Network ချိတ်ဆက်ဖို့ Internet မလိုပါ။
Network ချိတ်တိုင်း Internet သုံးဖို့အတွက်မဟုတ်ပါ။Share ဖို့/ Game ဆော့ဖို့/ Manage လုပ်ဖို့
✅ Internet
✍️ Internet ဆိုတာ Service ပါ။
✍️ Internet သုံးဖို့ ISP ( internet Services Provider) လိုပါတယ်။Internet ကို ဝန်ဆောင်မှုပေးတဲ့ အဖွဲ့အစည်းပါ။နိုင်ငံအလိုက် သက်ဆိုင်ရာအဖွဲ့အစည်းတွေရှိပါတယ်။
✍️ Internet Requirements
📍Devices (internet အသုံးပြုဖို့ အသုံးပြုနိုင်သော Active ဖြစ်တဲ့ Devices လိုအပ်ပါတယ်။
(Computer,Mobile စသည့်)
📍Connection (Active ဖြစ်တဲ့ လိုင်းရှိဖို့လိုပါတယ်။)
📍Browser (Internet အသုံးပြုဖို့ Software ပါ။)
🛑 Internet သုံးဖို့ Network လိုပါတယ်။
Internet ရဲ့ အပြည့်အစုံနာမည်က Internetwork ပါ။
♦️ဒီအကြောင်းအရာတွေ
လက်တွေ့/စာတွေ့ သိဖို့
ကျွန်တော်သင်ကြားတဲ့
CompTIA အတန်းကို
တက်ရောက်နိုင်ပါတယ်။♦️
#zntmvp
Comments
Post a Comment