Office 365
(၁) မြန်မာနိုင်ငံရှိ လူအများသိထားကြသည့်Office 2003,Office 2010,Office 2013 Office စသည့် အခြေခံသင်တန်းများတွင် သင်ကြားသော အရာနှင့် လုံးဝတူညီသောအရာမဟုတ်ပါ။
(၂) Office Application များနှင့်အတူ Cloud Services များဖြစ်သောVideo Conferencing, One Drive, Sky for Business, Team, Work flow စသည့် Services များပါဝင်ပါတယ်။
(၃) Office 365 ကို အချိန်မရွေး နေရာမရွေး Devices မရွေးသုံးနိုင်ပါတယ်။
(၄) မိမိပေးစေချင်သော အချက်အလက်များကို site တစ်ခုထဲမှ မျှဝေပေးနိုင်သော Share point ကိုသုံးနိုင်ပါတယ်။
(၅) မိမိတို့အဖွဲ့အချင်းချင်း၊အစိုးရအဖွဲ့အချင်းချင်း ပူးပေါင်းဆောင်ရွက်များ ဆောင်ရွက်နိုင်ခြင်းနှင့် လုံခြုံစိတ်ချရသော စနစ်တစ်ခုကို ပိုင်ဆိုင်ကာ ကုန်ကျစရိတ်သက်သာစေခြင်းကိုပါ ရရှိမှာဖြစ်ပါတယ်။
(၆) Internet Connection ချိတ်ဆက်ထားရုံဖြင့် မိမိဘယ်နေရာရောက်နေသည်ဖြစ်စေ၊ ဘယ် Devices သုံးနေသည်ဖြစ်စေ အသုံးပြုနိုင်မှာဖြစ်ပါတယ်။
(၇) မိမိတို့အတွက် အရေးကြီးသော အချက်အလက်များ (Data) များကိုMicrosoft Server များတွင် ထားရှိခြင်းကြောင့် လုံခြုံမှုကို ရရှိစေမှာဖြစ်ပါတယ်။
(၈) လစဉ်ပုံမှန်ကုန်ကျနေသော်လည်း License ဖြင့်သုံးစွဲခြင်းကြောင့် ရရှိမည့် အကျိုးသည် များစွာရှိပါတယ်။

Comments
Post a Comment