Add a Custom Domain
Add a Custom Domain ************************ M365 အသုံးပြုသူအနေဖြင့် Cloud Only အသုံးပြုနိုင်ပါတယ်။ M365 Subscription ဝယ်ယူပြီးပါက onmicrosoft.com အနေဖြင့် အသုံးပြုနိုင်ပါတယ်။ On-premises အသုံးပြုသူများအနေဖြင့် Microsoft ၏ onmicrosoft.com အပြင် မိမိ၏ Domain Name ဖြင့်လည်း အသုံးပြုနိုင်ပါတယ်။ Custom Domain ကိုပေါင်းထည့်လိုပါက 1/ M365 Admin > Setting > Domain > Add Domain ထဲမှ M365 မှ ချပေးတဲ့ TXT Record (ms နံပါတ်) ကို copy ကူးပြီး မိမိရဲ့ DNS ထဲတွင် TXT record ကိုထည့်ရမှာဖြစ်ပါတယ်။ ဒီတဆင့်လုပ်တာနဲ့ M365 Admin မှ Verify လုပ်ပြီးသွားမှာဖြစ်ပါတယ်။ 2/ နောက်တဆင့်အနေဖြင့် Record (3)ခုကို ထည့်ရမှာဖြစ်ပါတယ်။ -MX -CNAME - TXT ဒီ record တွေကိုလည်း M365 Admin မှ Copy ယူပြီး DNS ထဲမှာ Paste ရမှာဖြစ်ပါတယ်။ ဒီအချက်တွေ မှန်ကန်စွာဖြည့်ပြီးပါက Complete Domain ဖြစ်ပြီး - onmicrosoft.com -Custom Domain နှစ်ခု မြင်ရမှာဖြစ်ပါတယ်။
Comments
Post a Comment