Microsoft 365 Copilot



👉 နည်းပညာခေတ်၏ ပြောင်းလဲမှုများစွာကို ကျွန်တော်တို့တွေ့ကြုံခဲ့ရပါတယ်။


👉 Computer တွေ စတင်ပေါ်ပေါက်ချိန်မှ ယနေ့ခေတ် နည်းပညာတွေ ပြောင်းလဲ တိုးတက်မှုကို မြင်တွေ့ရမှာဖြစ်ပါတယ်။


👉 ယနေ့ခေတ်တွင် AI နည်းပညာများ အတော်လေး တိုးတက်ပြောင်းလဲလာပါတယ်။အရာအားလုံး AI က တာဝန်ယူဖြေရှင်းသွားမှာမဟုတ်ပေမယ့် AI ၏ ပါဝင်ပါတ်သက်မှုများသည် အတော်လေးများပြားလာပါတယ်။

AI ဆိုတဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်များဖြစ်သည့် ဉာဏ်ရည်တု/လူ့ဦးနှောက်ကဲ့သို့အလုပ်လုပ်နိုင်သော စက်/ အလိုအလျောက်လေ့လာသင်ယူနိုင်ရန် ရေးဆွဲထားသော Program/ စသည့်အဓိပ္ပာယ်များစွာဖြင့် ပေါ်ပေါက်လာပါတယ်။

AI ၏ အဆင့်များစွာရှိသည့်အတွက် လက်ရှိအခြေအနေသည် ယခင် AI အခြေအနေထက် တဆင့်တက်လာပါပြီ။


👉 Microsoft အနေဖြင့် AI ကို အသုံးပြုပြီး M365 Copilot ကိုစတင်မိတ်ဆက်လိုက်ပါပြီ။

Microsoft 365 Copilot တွင် M365 အနေဖြင့် နည်းလမ်း (2)ခုဖြင့် ပါဝင်မှာဖြစ်ပါတယ်။

ပထမနည်းလမ်းက M365 Apps တွေပါဝင်မှာဖြစ်ပါတယ်။Word/Excel/PowerPoint/Teams တွေမှာပါဝင်မှာဖြစ်ပါတယ်။ဒုတိယနည်းလမ်းမှာ Business Chat မှာပါဝင်မှာဖြစ်ပါတယ်။မိမိအလိုရှိသော အကြောင်းအရာများကို မေးမြန်းနိုင်မှာဖြစ်ပါတယ်။


🙂 ကျွန်တော်တို့အနေနဲ့ Microsoft 365 Copilot ကို ဆက်လက်လေ့လာပြီး လုပ်ငန်းများတွင် အကျိုးရှိဖို့ အသုံးချကြပါစို့။


#zntmvp

Comments

Popular posts from this blog

Add a Custom Domain

Schools for Microsoft MFA

Identity Models