Become Microsoft Certified



 Become Microsoft Certified

*****************************
Microsoft Certified ဖြစ်ဖို့အတွက် ယနေ့ခေတ်အခါတွင် ဖြေဆိုရမည့် ဘာသာရပ်တွေကို သေသေချာချာသိဖို့လိုပါတယ်။
Microsoft Exam တွေ ဘာကြောင့်ဖြေကြတာလဲ/လိုအပ်လို့လား/အသုံးဝင်ပါ့မလား ဆိုတဲ့ မေးခွန်းတွေအတွက် အဖြေကတော့ မိမိရဲ့ ခံယူချက်နဲ့ သက်ဆိုင်ပါတယ်။
မိမိရဲ့ IT career ပေါ်မူတည်ပါတယ်။
ကျွန်တော့်ဘဝအတွေ့အကြုံ
ကျွန်တော်အနေနဲ့ MCC နဲ့အတူ Franchise ယူပြီး MCC(Thanlyin)ကို 2004 တွင် စတင်ခဲ့ပါတယ်။
2014 ခုနှစ်ရောက်သည့်အခါ MCC(ရုံးချုပ်)က Microsoft Learning Partner အဖြစ် လုပ်ကိုင်ခဲ့ပါတယ်။
ဒီလိုအချိန်မှာ MCT(Microsoft Certified Trainer) မဖြစ်မနေလိုအပ်လာပါတယ်။ဒီအခါမှာတော့ MCC(ရုံးချုပ်)အနေနဲ့ MCC Franchise တွေထဲမှာ Microsoft Certified ဘယ်သူတွေရှိလဲ ဆိုတဲ့ စာရင်းတောင်းခံလာပါတယ်။ကျွန်တော်အနေနဲ့ MCSE အထိ ပြင်ဆင်ထားခြင်းကြောင့် MCT ဖြစ်ဖို့ အကောင်းဆုံး အခွင့်အလမ်းရရှိခဲ့ပါတယ်။ဒီ့အတွက် မှတ်မှတ်ရရဆိုရင်တော့ မြန်မာနိုင်ငံအတွင်း နေထိုင်ပြီး MCT ဖြစ်တာ ပထမဦးဆုံး အနေနဲ့ ရှိခဲ့ပါတယ်။ပြည်ပမှာနေပြီး မြန်မာနိုင်ငံသားအနေနဲ့ MCT ဖြစ်တဲ့သူတွေတော့ အရင်က ရှိခဲ့မယ်လို့ ထင်ပါတယ်။
အဓိက ပြောချင်တာက Microsoft Certified ဖြစ်ဖို့အတွက် မိမိရဲ့ IT Career သာသက်ဆိုင်ကြောင်း ပြောချင်ပါတယ်။
Microsoft အနေနဲ့ Certified တွေအတွက်
1/ Azure
2/ Dynamic 365
3/ Microsoft 365
4/ Power Platform
5/ Security,Compliance and Identity ဆိုပြီး အပိုင်း (၅)ခုခွဲခြားထားပါတယ်။
ဒီအပိုင်း (၅)ပိုင်းမှ Fundamental /Role Based (Associate Level)/ Specialty (Expert Level ) အနေနဲ့ အဆင့် (၃)ဆင့်ခွဲထားပါတယ်။
Azure Fundamental အနေနဲ့
- [ ] AZ-900 (Azure အပိုင်းကိုခြုံပြီး လေ့လာပါက ဒီအပိုင်းကို လေ့လာရမှာဖြစ်ပါတယ်။
- [ ] DP-900 (Data Fundamental အတွက် လေ့လာချင်သူအနေနဲ့ လေ့လာရမည့် ဘာသာရပ်ဖြစ်ပါတယ်။Developer သမားတွေအတွက် အဓိကအခြေခံဘာသာရပ်ဖြစ်ပါတယ်။
- [ ] AI-900 (လက်ရှိလူအများစိတ်ဝင်စားသည့် ဘာသာရပ်ဖြစ်ပါတယ်။
Azure ကို ခြုံငုံပြီး လေ့လာချင်သူတွေကတော့ AZ-900 ကို စတင်ရမှာဖြစ်ပါတယ်။
ကျန်သည့် အပိုင်းတွေက မိမိရဲ့ IT Career အပိုင်း လိုအပ်ချက်အရ ဆက်လက်လေ့လာရမှာဖြစ်ပါတယ်။
#2015 ခုနှစ်က အမှတ်တရဓါတ်ပုံပါ။
ခရီးစဉ်အတွက် စီစဉ်ပေးသော MCC(ရုံးချုပ်)မှ
မချောကို ကျေးဇူးတင်ပါတယ် 🙏

Comments

Popular posts from this blog

Azure Active Directory Plans and Pricing

Microsoft Azure and Microsoft 365 Different