Schools for Microsoft MFA

 Schools for Microsoft MFA

*****************************
အဖွဲ့အစည်းများ/ကျောင်းများတွင် Microsoft 365 ကို အသုံးပြုလျက်ရှိပါတယ်။
ထိုသို့အသုံးပြုရာတွင် မိမိအဖွဲ့အစည်း၏ လုံခြုံရေးအတွက် two-step verification ကို မဖြစ်မနေအသုံးပြုရမှာဖြစ်ပါတယ်။
လုပ်ငန်းများ၏ အဖွဲ့အစည်းများအတွက် လွယ်ကူနိုင်ပေမယ့် ကျောင်းများတွင် ကျောင်းသူ/သားအတွက် ခက်ခဲမှုကို ကြုံတွေ့ရပါတယ်။
Microsoft Teams ကို စာသင်ကျောင်းများတွင် အများဆုံးအသုံးပြုပါတယ်။Microsoft MFA ကို အသုံးပြုရာတွင် မိဘများအနေဖြင့်အနေဖြင့် နည်းပညာများကို အကျွမ်းတဝင်ရှိသော မိဘများရှိသလို/မရှိသော မိဘများလည်းရှိပါတယ်။
ကလေးများ၏ ပညာရေးတွင် MFA သည် စိတ်အနှောက်အယှက်ဖြစ်စရာတစ်ခုအနေဖြင့် မရှိသင့်ပါ။
Microsoft ၏ Teams အသုံးပြုမှုသည် အင်မတန်မှ လွယ်ကူသော နည်းလမ်းတစ်ခုဖြစ်သင့်ပြီး အခက်အခဲရှိပါက Teams Admin များမှ အတတ်နိုင်ဆုံး ကူညီရမည်ဖြစ်ပါတယ်။
စာသင်ကျောင်းများအတွက် ဖြေရှင်းရာတွင်
*****************************************
- Microsoft Teams Admin မှ two-step Verification ကို ကျောင်းသူ/သား Account များအတွက် ဖြုတ်ထားခြင်း။
M365 Admin Account မှ
Admin Center > Active Directory > Azure Active Directory > Security Defaults (Enabled or Disabled)
- မဖြစ်မနေ Two-step verification အသုံးပြုပါက Authentication Methods များကို အသုံးပြုထားသင့်ပါတယ်။ဆိုလိုတာကတော့ Microsoft Authenticator တစ်ခုတည်းကိုအသုံးပြုခြင်းမဟုတ်ပဲ SMS/Windows Hello for Business စသည့် အမျိုးမျိုးသော Methods တွေကို အသုံးပြုသင့်ပါတယ်။
M365 Admin Account မှ
Admin Center > Active Directory > Azure Active Directory > Protect & Secure > Authentication
- စာသင်ကျောင်းမှ Microsoft Teams Admin များအနေဖြင့် ကျောင်းသူ/သားများကို အလွယ်တကူအသုံးပြုနိုင်မည့် လမ်းညွှန်များကို Print ထုတ်ပေးခြင်းများလည်း ပြုလုပ်ထားနိုင်ပါတယ်။

Comments

Popular posts from this blog

Azure Active Directory Plans and Pricing

Microsoft Azure and Microsoft 365 Different