Hardware (1) Backup Types
➡️Fault tolerance သည် prevention ဖြစ်ပြီး components fails ဖြစ်ပါက အခြေအနေကိုကာကွယ်ပါတယ်။
➡️Disaster Recovery
Disaster (ဘေးအန္တရာယ်)ဖြစ်ပြီးမှ rebuilding an organization’s data ကို recovery လုပ်ခြင်းဖြစ်ပါတယ်။
အထက်ပါအခြေအနေများအတွက်
Backup ပြုလုပ်ကြပါတယ်။
Type 3 မျိုးရှိပါတယ်။
1/ Full Backup
➡️သူကတော့ ပထမဦး Data အားလုံး backup လုပ်တဲ့ပုံစံဖြစ်ပြီး backup လုပ်တဲ့နေ့ရက်တိုင်း Data အားလုံးကို အစအဆုံးလုပ်ဆောင်ရသည့်အတွက် အချိန်အကြာဆုံးဖြစ်ပါတယ်။ကောင်းတဲ့အချက်ကတော့ restore ပြန်လုပ်ရင် Data အားလုံး ရှိတဲ့ device နဲ့ တကြိမ်တည်းလုပ်ဆောင်ရသည့်အတွက် အမြန်ဆုံးပြီးမြောက်ပါတယ်။
2/ Incremental Backup
➡️Sunday မှာ Data အားလုံးကို backup လုပ်ပါက Monday မှာ တိုးလာတဲ့ data ကိုပဲ backup လုပ်မှာဖြစ်ပါတယ်။
Tuesday မှာလည်း Monday နဲ့မတူတဲ့ တိုးလာတဲ့ data ကိုပဲ backup လုပ်ပါတယ်။
📌Data backup လုပ်တဲ့အချိန် အမြန်ဆုံးဖြစ်ပြီး restore လုပ်တဲ့နေရာမှာတော့ Sunday/Monday/Tuesday Devices များအားလုံးကိုလုပ်ရသည့်အတွက် အကြာဆုံးဖြစ်ပါတယ်။
3/ Differential Backup
➡️Sunday မှာ Data အားလုံး backup လုပ်ပြီး Monday တွင် တိုးလာသော Data ကိုသာ backup လုပ်ပါတယ်။Tuesday မှာ Sunday နဲ့မတူသော data အားလုံးကို Backup လုပ်သည့်အတွက် Monday မှ data များလည်းပါပါတယ်။
📌သူကတော့ အချိန်အားဖြင့် medium ဖြစ်ပါတယ်။
#zntmvp
Comments
Post a Comment